
(၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအား ၂၇.၃.၂၀၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် အဆိုပါ နေ့ရက်တွင် ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ပျဉ်းမနားမြို့နယ်၊ ဘောဂသီရိမီးပွိုင့်မှ ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းလမ်းဆုံမီးပွိုင့်အထိ ယာဉ်သွားလာမှုအား နံနက် (၀၀:၀၅)အချိန်မှ (၁၀:၀၀)အချိန်ထိ ခေတ္တလမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်မည်ဖြစ်သဖြင့် မော်တော်ယာဉ် မောင်းနှင်သွားလာနေကြသည့် ယာဉ်မောင်းများ အနေဖြင့် ၎င်းနေ့တွင် နေပြည်တော်-ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းလမ်းဆုံ မီးပွိုင့်မှ နိဗ္ဗာန်လမ်း (မြို့ပတ်လမ်း)အတိုင်း ခွာညိုပန်းအဝိုင်းအထိ၊ ၎င်းမှ ရာဇသင်္ဂဟလမ်းအတိုင်း၊ ကုမုဒြာ ကြာပန်းအဝိုင်းအထိ၊ ရာဇဌာနီလမ်းအတိုင်း ပျဉ်းမနားမြို့နယ်၊ ပန်းခင်းလမ်း မီးပွိုင့်-ဘောဂသီရိမီးပွိုင့်မှတစ်ဆင့် ရန်ကုန်-မန္တလေးလမ်းဟောင်းမှ လမ်းလွှဲမောင်းနှင်ပေးကြပါရန် သတိပေး နှိုးဆော်အပ်ပါသည်။
နေပြည်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေး
ကြီးကြပ်မှုကော်မတီ