သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အကြား အဝေးပြေးကားလမ်းပေါ်တွင် ရေကျော်မှုကြောင့် ခရီးသွားပြည်သူများ အခက်ကြုံ

 

သုဝဏ္ဏဝတီ   ဩဂုတ်   ၉ 
သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အကြားရှိ ကြုံအိတ်တံတားမှ စတင်၍ ဘီးလင်းမြို့အကြား အဝေးပြေးကားလမ်းမပေါ်တွင် နေရာသုံးနေရာ ခန့် ရေကျော်ခြင်းဖြစ်ပေါ်နေ၍ ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ် များ သွားလာမှုရပ်တန့်နေကြောင်း သိရသည်။
“မနေ့က မွန်းလွဲ ၂ နာရီခန့်ကစပြီး ကားလမ်းပိတ်လို့ စောင့်နေရ ပါတယ်။ အစပိုင်းမှာ ကားကြီးတွေ သွားလာလို့ရပြီး နောက်ပိုင်းကားကြီး ရော ကားသေးပါ သွားလို့မရဘဲ ပိတ်သွားတာပါ”ဟု အဝေးပြေးယာဉ် လိုင်းနှင့် လိုက်ပါလာသူ ခရီးသည်တစ်ဦးက ပြောသည်။ 
လက်ရှိအခြေအနေအရ အသွားအပြန်ခရီးသွားယာဉ် စီးရေ ၆၀၀ ကျော်ခန့်   ပိတ်မိနေပြီး   ခရီးသွားယာဉ်များ   ရပ်နားထားရာနေရာသို့ ဒေသခံပရဟိတအလှူရှင်များက     ရေသန့်ဘူးများ၊    ထမင်းထုပ်များ လိုက်လံလှူဒါန်းနေသည်ကို တွေ့ရသည်။ ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များကို   သက်ဆိုင်ရာတာဝန်ရှိသူများနှင့်   ပရဟိတ အသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
ယခုလက်ရှိတွင်   ဘီးလင်းမြစ်ရေမှာ   စိုးရိမ်ရေမှတ်အထက်၌   တည်ရှိနေပြီး ပင်လယ်ရေ ထရက် ဖြစ်သောကြောင့် ယခုရက်ပိုင်းတွင် ခရီး သွားလာမှုကို   သတိထားစုံစမ်း၍   သွားလာကြရန်   လိုအပ်ကြောင်း သိရသည်။                                     

ခွန်(ဝင်းပ)