သထုံခရိုင်ဆေးရုံ၀င်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များ စတင်ထုတ်လုပ် လည်ပတ်

 

သထုံ     ဇူလိုင်    ၂၈


မွန်ပြည်နယ်  သထုံခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ အောက်ဆီ ဂျင်   စက်ရုံကို  ဇူလိုင်  ၂၇ ရက်၊ မွန်းလွဲပိုင်းက စတင်လည်ပတ်ပြီး သထုံခရိုင် ပြည်သူ့ဆေးရုံ Isola-tion Ward (1) ရှိ အောက်ဆီဂျင် လိုအပ်သူများကို      ပေးပို့ကာ ကြပ်မတ်ကုသပေးလျက်ရှိသည်။

 


သထုံခရိုင်    ပြည်သူ့ဆေးရုံ Isolation Ward (1) ၌ တက်ရောက် ကုသနေသည့် ကိုဗစ်-၁၉ လူနာ များအတွက် အရေးပေါ်အောက်ဆီ ဂျင် လုံလောက်မှုရှိစေရန် အမြန် ဆုံး တည်ဆောက်ခြင်းဖြစ်ကြောင်း သထုံခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဒေါ်သင်းသင်းအိ  က ပြောသည်။
အောက်ဆီဂျင်စက်ရုံမှ နေ့စဉ် အများဆုံး လူနာ ၂၅ ဦး အသုံးပြု ခွင့်ရမည်ဖြစ်ပြီး လိုအပ်မှု အနေ အထားပေါ်မူတည်၍ သမားတော်  နှင့် မေ့ဆေးအထူးကု ဆရာဝန်၏ ညွှန်ကြားမှုဖြင့်       ဆေးရုံတက် ရောက်ကုသနေသော လူနာများ အား ကုသပေးသွားမည်ဖြစ်သည်။

 


အောက်ဆီဂျင်   ထွက်ရှိမှု ပမာဏမှာ ၂၄ နာရီစက်စွမ်းအား ပြည့် လည်ပတ်ပါက ၄၀ လီတာ ဝင် အိုး  ၅၀  ထွက်ရှိမည်ဖြစ်ပြီး လက်ရှိအချိန်တွင်      စက်ရုံမှ  Isolation  Ward  လူနာများထားရှိ သည့် ခုတင်ခေါင်းရင်းအထိပိုက် ဖြင့်  သွယ်တန်းပေးသည့် စနစ်ကို        အသုံးပြုနေကြောင်း    Isolation Ward    မှ      လူနာအသုံးပြုမှု နည်းပါးလာပါက ၄၀ လီတာဝင် အိုးနှင့်   ၁၀    လီတာဝင် အိုးများ အတွင်း ဖြည့်သွင်းပေးမည်ဖြစ်ပြီး  ၎င်းအိုးများအတွင်းသို့ ဖြည့်သွင်း ရန် စက်ကိုလည်း မှာယူထားပြီ ဖြစ်သည်။

 


အဆိုပါ အောက်ဆီဂျင်စက်မှာ PSA Type Oxygen Plant ဖြစ်ပြီး စက်တန်ဖိုးမှာ   ငွေကျပ်   သိန်း ပေါင်း ၁၄၀၀ ဖြင့် မော်လမြိုင်မြို့ နေ အလှူရှင်တစ်ဦးမှ လှူဒါန်း ခြင်းဖြစ်ကာ  စက်ရုံအဆောက် အအုံနှင့်    လျှပ်စစ်မီးသွယ်တန်း ခြင်း၊ ပိုက်လိုက်များ သွယ်တန်း ခြင်းအပါအဝင်      အခြားလိုအပ် သည်တို့ကို      ခရိုင်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးကော်မတီ၏ အစီအစဉ်ဖြင့်  အများပြည်သူ ထည့်ဝင်လှူဒါန်း ငွေတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)