သထုံခရိုင်အတွင်း မြစိမ်းရောင်စီမံကိန်းကျေးရွာနှစ်ရွာနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ၁၅ ရွာထပ်မံဆောင်ရွက်မည်

 

သထုံ  အောက်တိုဘာ  ၁၇


မွန်ပြည်နယ် သထုံမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခုနှစ် (၆) လ ဘတ်ဂျက်ကာလအတွင်း   မြစိမ်းရောင်စီမံကိန်းကျေးရွာ နှစ်ရွာနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ၁၅ ရွာတို့တွင်  ကျေးလက်ကုန်ထုတ်လမ်း  ၁၁  လမ်း၊  ကုန်ထုတ် တံတားရှစ်စင်း၊  ရေရရှိရေးလုပ်ငန်း  ၁၂  ခုတို့ကို  ထပ်မံ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။

 


သထုံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ကျိုက်ထိုမြို့နယ် အင်းဝကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ငွေကျပ် သိန်း ၁၀၀ ဖြင့် အရှည် ပေ ၆၀၀၀၊ အကျယ် ၁၈ ပေရှိ ဂဝံမြေသားလမ်း ကိုလည်းကောင်း၊  ဘီးလင်းမြို့နယ်  ကော့ကဒွတ်ကျေးရွာ၌ ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်တွင်  ဆောင်ရွက်ခဲ့သည့်  ကုန်ထုတ် တံတား ပေ ၁၂၀ ကိုလည်းကောင်း၊ သထုံမြို့နယ် သရက်တော ကျေးရွာ၌  ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်တွင်  ဆောင်ရွက်သည့်  ကုန်ထုတ်လမ်း အရှည် ၁/ ၆ ဒသမ ၅ မိုင်၊ အကျယ် ၁၂ ပေရှိ  ကျောက်ချောလမ်းကိုလည်းကောင်း၊  ပေါင်မြို့နယ်  ဇရိုး ကျေးရွာ      ရေပေးဝေရေးလုပ်ငန်းတို့ကိုလည်းကောင်း ဆောင်ရွက်ခဲ့သည်။

 


အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြည်နယ်ကျေးလက်ဒေသ    ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး  ဦးဝင်းနိုင်နှင့်  သထုံခရိုင်ဦးစီးမှူး  ဒုတိယ ညွှန်ကြားရေးမှူး ဦးမိုးဝင်းတို့ အောက်တိုဘာလ ဒုတိယပတ်က  ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာမြို့နယ်ဦးစီးမှူး များ၊  ကုမ္ပဏီများ၊  ကော်မတီအဖွဲ့များမှ  လိုက်လံရှင်းလင်း ပြသသည်။ 

 


သထုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့်   ခရိုင်အတွင်း   ၂၀၂၀-၂၀၂၁   ဘဏ္ဍာနှစ်တွင် ကုန်ထုတ်လမ်း ၂၀၊ ကုန်ထုတ်တံတား ၁၉ စင်း၊ ကျေးလက်ရေ ရရှိရေးလုပ်ငန်း ၄၅ ခု၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း လေးရွာ၊  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကျေးရွာ ၂၅ ရွာ၊  အစိမ်းရောင်ကျေးရွာ ၄၇ ရွာတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။    

 မိုးဝင်း (ကျေးလက်)