Stay at Home နေထိုင်ခြင်းက မိမိကိုယ်တိုင်၊ မိမိရဲ့မိသားစု၊ နေထိုင်ရာရပ်ရွာဒေသနဲ့ နိုင်ငံအတွက် တာဝန်ကျေတဲ့ နိုင်ငံသားကောင်းတစ်ယောက် ဖြစ်ပါတယ်

 

ဒေါက်တာ သန်းနိုင်စိုး

နေပြည်တော်   ဇူလိုင်   ၁၆


ကိုဗစ် - ၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြားရက်များဖြစ်သည့် ဇူလိုင်လ ၂၀ ရက်နှင့် ၂၂ ရက်တို့ကို အများပြည်သူအလုပ်ပိတ်ရက်များအဖြစ် သတ်မှတ်ပြီး ဇူလိုင်လ ၁၇ ရက်မှ ၂၅ ရက်အထိ တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်ရှည်အဖြစ် လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ ကြေညာချက်ထုတ်ပြန်ခဲ့သည်။


အဆိုပါ       ကြေညာချက်နှင့်       စပ်လျဉ်းပြီး ကျန်းမာရေးနှင့်    အားကစားဝန်ကြီးဌာန  ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ    ညွှန်ကြားရေးမှူး    ဒေါက်တာ သန်းနိုင်စိုးက ယခုလို ရှင်းလင်းပြောကြားခဲ့သည်-


“လူတစ်ဦးနဲ့ တစ်ဦး ကူးလူးဆက်ဆံမှုတွေကနေ တစ်ဆင့် ကိုဗစ်-၁၉ ရောဂါက အဆင့်ဆင့် ကူးစက် သွားနိုင်ပါတယ်။ ဒါကြောင့် လူတွေက ကိုယ့်အိမ်ထဲမှာ သီးခြားနေထိုင်ကြမယ်ဆိုရင်    ရောဂါဖြစ်ပွားမှု ကွင်းဆက်တွေကို   ဖြတ်တောက်နိုင်မယ်။  ရောဂါ ဖြစ်ပွားခဲ့မယ်ဆိုရင်လည်း ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့   ဖြစ်ပွားတဲ့မိသားစုတစ်စုကို   စနစ်တကျ ပြုစုစောင့်ရှောက်နိုင်မယ်။ ရောဂါဆက်တိုက်ကူးစက် ဖြစ်ပွားနေမှုကို    ဦးချိုးနိုင်မယ်။   ဒါက အလွန် ထိရောက်တဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။


“နိုင်ငံတကာမှာလည်း ဒီလုပ်ငန်းစဉ်ကို လုပ်ကြ ပါတယ်။ Stay at Home တို့၊ Lock down တို့ စသဖြင့် လုပ်ကြပါတယ်။   လူဆိုတာ   လူမှုပတ်ဝန်းကျင် အသိုက်အဝန်းမှာ နေထိုင်ရပြီး စားဝတ်နေရေးနဲ့ လုပ်ငန်းကိစ္စတွေအတွက်   အပြင်ထွက်ရတာတွေ ရှိတယ်။   ဒီလိုကိစ္စတွေရှိတဲ့အတွက် Lock down လို လုံးဝပိတ်ပင်ထားတာမျိုးကို  ကြာကြာထားဖို့ ခက်ပါတယ်။ ကျွန်တော်တို့ အခုဆောင်ရွက်တာက Stay at Home ဖြစ်ပါတယ်၊ တတိယလှိုင်း ဖြစ်ပွားပြီး အရှိန်အဟုန် ရနေချိန်နဲ့ ဒီဘက်က ရုံးပိတ်ရက်တွေနဲ့ တိုက်ဆိုင်နေတဲ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကလည်း ဒီရောဂါကိုအမြန်ဆုံးထိန်းချုပ်ပေးနိုင်မယ့်စေတနာနဲ့     ကြားရက်   ၂   ရက်ကို ဆက်ပိတ်လိုက်တဲ့ သဘောပါ။ ဒါကြောင့် အားလုံး ရုံးပိတ်ရက် ၉ ရက် ရသွားပါတယ်။ အဲဒီ ၉ ရက်မှာ တတ်နိုင်သမျှ အိမ်မှာနေဖို့ Stay at Home ကြေညာ ခြင်းဖြစ်ပါတယ်။ Lock down လုံးဝမဟုတ်ပါဘူး။”


“ဒါဆိုရင်   Stay at Home   နဲ့    Lockdown ဘာကွာလဲလို့ မေးလို့ရပါတယ်။ Stay at Home နဲ့ Lock down ကွာတာက နိုင်ငံတကာမှာ Lock down ကို လုပ်ခဲ့တဲ့ဖြစ်စဉ်တွေ ရှိပါတယ်။ ပထမလှိုင်း တုန်းက    တရုတ်ပြည်သူ့သမ္မတနိုင်ငံ    ဝူဟန်မြို့မှာ Lock down လုပ်ခဲ့တာတွေ   ရှိပါတယ်။   အဲဒီမှာ Lock down အထဲမှာရှိတဲ့သူတွေ ဘယ်မှမထွက်နိုင် အောင် လုံခြုံရေးတွေနဲ့   လုပ်ခဲ့ပါတယ်။   အပြင် ထွက်ချင်ရင် စာရွက်စာတမ်းနဲ့တင်ပြပြီး အုပ်ချုပ်ရေး နဲ့   လုံခြုံရေးအဖွဲ့အစည်းတွေရဲ့    ခွင့်ပြုချက်ရမှ လူနာတင်ယာဉ်နဲ့ ထွက်ရတာမျိုးဖြစ်ပါတယ်။


“ဒါ့အပြင်   အိမ်တွေကို   ပိတ်ထားပြီး အစား အသောက်ဆိုရင် အပြင်ကနေ ထောက်ပံ့ပေးပါတယ်။ အထဲမှာနေတဲ့သူတွေက ကူညီထောက်ပံ့ပေးတာမျိုး မရတဲ့အခါ   အလွန်စိုးရိမ်စရာကောင်းတဲ့   အနေ အထားမျိုးဖြစ်လာတာပါ။     ဒီလောက်ပြင်းထန်တဲ့ အနေအထားမျိုးကို လုပ်ခဲ့တဲ့နိုင်ငံတွေလဲ လုပ်ခဲ့ပါ တယ်။   ဒီ Lock down ရဲ့     အားနည်းချက်က ကြာကြာမခံနိုင်ဘူး၊   ကြာကြာလုပ်ဖို့ ခဲယဉ်းတယ်။ အဲဒီလို   Lock down  လုပ်ထားလို့ရတဲ့အချိန်တို အတွင်းမှာ ရောဂါကို    အရင်ဆုံး   ဦးကျိုးအောင် ချိုးရပါတယ်။   ဒါကို တချို့နိုင်ငံတွေမှာ အောင်မြင် တယ်။     တချို့နိုင်ငံတွေမှာ   မအောင်မြင်ဘူး။ မအောင်မြင်တဲ့အတွက်  ချက်ချင်းပြန်လျှော့ပေး လိုက်ရတာမျိုးတွေ ရှိပါတယ်။


“မြန်မာနိုင်ငံအနေနဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်း တွေ ရင်ဆိုင်ရတဲ့အခါမှာ Lock down ကို တစ်ခါမှ မလုပ်ခဲ့ပါဘူး။ Stay at Home ပဲ လုပ်ခဲ့ပါတယ်။ Stay at Home ရဲ့ အဓိက သဘောက မိဘပြည်သူတွေ ကိုယ့်အိမ်မှာပဲ     ကိုယ်နေပေးပါ။   ကိုယ့်အိမ်မှာ ကိုယ်နေခြင်းအားဖြင့်   ဘာအကျိုးကျေးဇူးရမလဲ ဆိုတော့ အိမ်မှာနေတဲ့အခါ   အိမ်မှာလည်း ပိုးရှိတဲ့ သူမရှိဘူးဆိုရင် ဒီမိသားစုအတွက် အန္တရာယ်ကင်း သွားပါတယ်။ ကိုယ့်အိမ်မှာကိုယ် အစုလိုက်နေတဲ့အခါ တစ်မိသားစုနဲ့    တစ်မိသားစု   ကူးလူးဆက်ဆံမှု မရှိတဲ့အတွက်    ရောဂါဖြစ်ပွားမှုကွင်းဆက်တွေ ပြတ်တောက်သွားပါတယ်။     နောက်ဆုံးအဆင့် ရောဂါဖြစ်တဲ့အိမ်ကို  အမြန်ဆုံး Contact tracing လုပ်တာတို့၊   ကွာရင်တင်းလုပ်တာတို့၊ ဆေးကုပေး တာတို့    လုပ်လိုက်တဲ့အခါ   အဲဒီအိမ်မှာပဲ ရောဂါ ကူးစက်မှုက ရပ်တန့်သွားတဲ့အတွက် အဲဒီဒေသကြီး တစ်ခုလုံးက ရောဂါပိုးကင်းစင်သွားပါတယ်။ အကျိုး ကျေးဇူး အလွန်ရှိပါတယ်။ 


“အဓိကအနေနဲ့    မိမိအိမ်မှာနေထိုင်ခြင်းဖြင့် ကိုယ့်အတွက်၊ ကိုယ်နဲ့အတူနေတဲ့မိသားစု အတွက် လည်း လုံခြုံသလို ရောဂါတိုက်ဖျက်ထိန်းချုပ်ရေး ဖြစ်စဉ်ကြီးတစ်ခုလုံးကို       ထိထိရောက်ရောက် ကူညီပေးလိုက်သလို   ဖြစ်သွားပါမယ်။ ဒါကြောင့် ရောဂါဖြစ်ပွားမှုနှုန်းတက်နေတဲ့ ဒီအချိန်မှာ မိမိ အိမ်မှာနေခြင်းဟာ အကောင်းဆုံး ရောဂါကာကွယ် ထိန်းချုပ်ခြင်း ဖြစ်တယ်ဆိုတာ သိစေချင်ပါတယ်၊ ဒီနေရာကနေလည်း မေတ္တာရပ်ခံပါတယ်။ ဒီအချိန်မှာ တတ်နိုင်သမျှ   အိမ်မှာနေပေးပါ။   ခုနကလို အကျိုး ကျေးဇူးတွေရပြီး ဒီရောဂါကာကွယ် ထိန်းချုပ်ရေးမှာ တာဝန်သိပြည်သူ တစ်ယောက်အနေနဲ့ တာဝန်ကျေ မှာ ဖြစ်ပါတယ်။ 


“Stay at Home ရဲ့ ထူးခြားချက်က Lock down လို ပိတ်ချလိုက်တာတွေ မရှိဘူး။ Lock down မှာ ညမထွက်ရတာတွေအပါအဝင်    အပြင်ထွက်ဖို့ တော်တော်ခက်ခဲတဲ့    အနေအထားဖြစ်ပါတယ်။ ဒါပေမယ့် Stay at Home မှာတော့ တကယ်မရှိမဖြစ် တဲ့ အခြေခံလုပ်ငန်းတွေကို   ဖွင့်ပေးထားပါတယ်။ “အများပြည်သူရုံးပိတ်ရက်          ရက်ရှည်အဖြစ်      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက     အမိန့် ကြော်ငြာစာအမှတ်     ၂၁၁/ ၂၀၂၁ နဲ့     ဇူလိုင်လ ၁၇ ရက်မှ ၂၅ ရက်အထိ ကြေညာပြီးတော့ ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက ဆက်လက်ပြီး ကြေညာတဲ့အထဲမှာ အဓိကပြောတာ က ကိုယ့်အိမ်မှာနေဖို့ ဖြစ်ပါတယ်။ တာဝန်နဲ့ နာရေး ကိစ္စတွေနဲ့    ခရီးသွားလာခြင်းကို   သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊     တာဝန်ရှိအဖွဲ့ အစည်းတွေရဲ့ ထောက်ခံချက်နဲ့ ခရီးသွားလာခွင့်ပြု ပါတယ်။ နောက်တစ်ခု စားဝတ်နေရေး၊ စက်သုံးဆီ၊ သောက်သုံးရေသန့်၊ သားငါးနဲ့ အခြေခံစားသောက် ကုန်ရောင်းတဲ့ဆိုင်တွေ   ဆန်၊  ဆီ၊    ငရုတ်သီး၊ ကြက်သွန်တွေကို  ဖွင့်လှစ်ရောင်းချသွားမှာ ဖြစ်ပါ တယ်။” 


“ဆေးဝါးနဲ့ ဆေးပစ္စည်းကိရိယာတွေ ရောင်းချတဲ့ ဆိုင်တွေကိုလည်း လုံးဝမပိတ်ပါဘူး။ ကောလာဟလ ထွက်နေတာတွေလည်း ရှိပါတယ်။ ဒါကိုဝန်ကြီးဌာန အနေနဲ့   ရှင်းလင်းတင်ပြပြီး   ဖြစ်ပါတယ်။  လုံးဝ ပိတ်တာမဟုတ်ပါဘူး။ နောက်ပြီး စားသောက်ဆိုင် တွေကို ဆိုင်ထိုင်မဟုတ်ဘဲ ပါဆယ်စနစ်နဲ့ ရောင်းချ ရမှာ ဖြစ်ပါတယ်။ 


“ကျန်းမာရေးလုပ်ငန်းတွေကို     ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပြီး      အစိုးရဆေးရုံတွေ၊ ပုဂ္ဂလိကဆေးရုံတွေ၊ ပုဂ္ဂလိကဆေးခန်းတွေ၊ အခြားကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့     နေရာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်တဲ့လုပ်ငန်းတွေကို ဖွင့်ပေး ထားပါတယ်။ မဖြစ်မနေ ကျန်းမာရေးကြောင့်ဖြစ်ဖြစ်၊ စားဝတ်နေရေးကြောင့်ဖြစ်ဖြစ် အိမ်ကနေ မဖြစ်မနေ ထွက်ခွာရမယ်ဆိုရင်လည်း ပါးစပ်၊ နှာခေါင်းစည်းကို မဖြစ်မနေတပ်ဖို့၊   အခြားလူတွေနဲ့ ခပ်ခွာခွာနေဖို့၊ လက်ဆေးဖို့၊ လေဝင် လေထွက် မကောင်းတဲ့အခန်း တွေ    ရှောင်ဖို့လိုပါတယ်၊    ကျွန်တော်တို့လည်း အမြဲတမ်း ပြောနေပါတယ်။”


“ဘာဖြစ်လို့လဲဆိုတော့   ကိုယ်က   မဖြစ်မနေ ဈေးထွက်ဝယ်တဲ့အခါမှာ   အိမ်အပြန်  အိမ်ကိုပိုး ပါလာတာမျိုး ဘယ်သူမှ ဖြစ်ချင်မှာမဟုတ်ပါဘူး။ အိမ်က မိသားစုဝင်တွေကို  ကူးစက်နိုင်ပါတယ်။ ကိုယ်က မဖြစ်မနေ ဈေးထွက်တာ၊ ဆေးခန်းသွားတာ တွေ လုပ်မယ်ဆိုရင် ကာကွယ်ရေးနည်းလမ်းတွေကို အပြည့်အဝလိုက်နာဖို့   လိုပါတယ်။ ဒါမှသာလျှင် ကိုယ့်အိမ်ကို ပိုးပါမလာမှာ ဖြစ်ပါတယ်။


“နောက်တစ်ခုက လိုအပ်လို့   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Social Distancing ခပ်ခွာခွာနေတာတွေ၊ အပြင်ထွက်ရင် လုပ်ဆောင်ရမှာတွေ၊      ပြန်ဝင်တဲ့အခါ     ပါးစပ်၊ နှာခေါင်းစည်းတွေကို စွန့်ပစ်တာကအစ စနစ်တကျ လုပ်ဆောင်ဖို့၊ ကိုယ်လက်သန့်စင်မှုမရှိဘဲ အိမ်သား တွေနဲ့ နီးနီးကပ်ကပ်မနေဖို့ ဒါတွေကို လုပ်ဆောင်ဖို့ လိုပါတယ်။ 


“Stay  at  Home  မှာက  ဖြေလျှော့ပေးထားတာ တွေ အများကြီးပါ။ အရင်တုန်းကလည်း Stay at Home မြို့နယ်တွေ ကြေညာတာ ရှိပါတယ်။ အဲဒီမှာ လည်း ဖြေလျှော့ပေးထားတာတွေ အများကြီးရှိပါ တယ်။ အဲဒီတုန်းက ရုံးတွေ၊ လုပ်ငန်းတွေသွားဖို့ကို ဖြေလျှော့ ပေးတာတွေပါ ပါတယ်။ သို့သော်လည်း အခုလိုမျိုး ရုံးတွေ၊ အလုပ်တွေပါ ပိတ်တဲ့အချိန်မှာက ကိုဗစ် - ၁၉   ရောဂါ      ဆက်တိုက်ကူးစက်နေတာတွေကို ဖြတ်တောက်ဖို့     အကောင်းဆုံးအခွင့်အရေးရတဲ့ အချိန်ဖြစ်ပါတယ်။   ဒီအချိန်မှာ   အများပြည်သူ ရုံးပိတ်ရက်အဖြစ် ကြေညာလိုက်တယ်။ ရက်က လည်း ရှည်တော့ ဒီကာလမှာ ရုံးဆိုလည်း မဖြစ်မနေ သွားရမယ့်လူလောက်ပဲ သွားမယ်။ ကျန်တဲ့လူတွေ အကုန်လုံးက   အိမ်မှာနေရမယ်။   ကျန်တဲ့ စက်ရုံ၊ အလုပ်ရုံတွေ အကုန်လုံးလည်း အဓိက အခြေခံမရှိ မဖြစ်လုပ်ငန်းတွေကလွဲပြီး   ကျန်တဲ့လုပ်ငန်းတွေ ပိတ်ထားတာဆိုတော့     ဒီအချိန်ကာလမှာ ဘာပဲ ဖြစ်ဖြစ် အိမ်မှာနေပေးခြင်းက ရောဂါကိုတိုက်ဖျက် ပေးရာရောက်တယ်ဆိုတာကို အဓိက Key Message အနေနဲ့ ဒီနေရာက  ပေးချင်ပါတယ်။ ကျွန်တော် တို့အားလုံးက ပူးပေါင်းပါဝင် တိုက်ဖျက်ပေးကြရင် အခုရောဂါက အရှိန်အဟုန်နဲ့တက်နေတာ လျော့ကျ သွားမှာဖြစ်ပါတယ်။   ဒါကြောင့် Stay at Home နေထိုင်ခြင်းဖြင့် ရောဂါကို ဝိုင်းဝန်းကူညီတိုက်ဖျက် ပေးကြဖို့ ပြောကြားလိုပါတယ်။


“အချုပ်အားဖြင့်ပြောရရင်   Stay at Home နေထိုင်ခြင်းက မိမိကိုယ်တိုင်၊   မိမိရဲ့ မိသားစု၊ နေထိုင်ရာရပ်ရွာဒေသနဲ့ နိုင်ငံအတွက် တာဝန်ကျေတဲ့ နိုင်ငံသားကောင်းတစ်ယောက်       ဖြစ်ပါတယ်။ တတ်နိုင်သလောက် ကူပေးပါ။ ဝိုင်းဝန်းကူညီပေးကြဖို့ ဒီနေရာကနေ တင်ပြလိုပါတယ်။”          


ထက်လျှံ