
နေပြည်တော် မေ ၁၁
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာကို မေ ၁၀ ရက်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်က ရဟတ်ယာဉ် နှစ်စင်း၊ ဂျက်ဖိုက်တာ တစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရေကြောင်းမှလည်း စစ်သင်္ဘောများဖြင့် လက်နက် ကြီးများ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းတို့ ကြောင့် ပြည်သူသုံးဦး သေဆုံးခဲ့သည်ဟု အကြမ်းဖက် အားပေး ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက် ပေါ်တွင် မဟုတ်မမှန် လုပ်ကြံရေးသားကာ ဝါဒဖြန့် နေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောပြချက် အရ မေ ၁၀ ရက်က ကနက်သီရိကျေးရွာတွင် တိုက်ပွဲ ဖြစ်စဉ် ဖြစ်ပွားခြင်းမရှိသလို တပ်မတော်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရေကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများလည်း လုံးဝမရှိကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများသည် သရက်ချောင်း မြို့နယ်အတွင်း ပြည်သူများ ကြောက်ရွံ့ထိတ်လန့် လာပြီး တည်ငြိမ်အေးချမ်းမှုမရှိစေရန်နှင့် အုပ်ချုပ်မှု ယန္တရားများ ပျက်ပြားစေရန်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ သွားလာနေထိုင်သည့် မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ မကြာခဏလုပ်ဆောင် နေသည်ကို အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာ များက လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တပ်မတော်မှ လုပ်ဆောင်သည်ဟု စွပ်စွဲကာ ပြည်သူ များ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်