သပြေရေဒီယို၏ Medium Wave ဖြင့် ထုတ်လွှင့်မှု ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၉ ရက်အထိ နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ခေတ္တရပ်နားထားမည်

 

နေပြည်တော်  ဖေဖော်ဝါရီ   ၁၄
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊    သပြေရေဒီယိုအစီအစဉ်ကို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများအတွက် လှိုင်းလတ် ၄၂၂ မီတာ၊ ၇၁၁ ကီလိုဟတ်ဇ်ဖြင့်လည်းကောင်း၊ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက် အတွက် FM 99.6 မဂ္ဂါဟတ်ဇ်ဖြင့်လည်းကောင်း နေ့စဉ် နံနက် ၇ နာရီမှ ည  ၉ နာရီအထိ    ပုံမှန်ထုတ်လွှင့်ပေးလျက်ရှိရာမှ နေပြည်တော်ရှိ မီတာ  ၁၃၀  Guyed Tower ဆေးသုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်ရှိသဖြင့် လှိုင်းလတ် ၄၂၂ မီတာ၊ ၇၁၁ ကီလိုဟတ်ဇ်ဖြင့် ထုတ်လွှင့်နေမှုကို  ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၉ ရက်အထိ  နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ထုတ်လွှင့်မှု ခေတ္တရပ်ဆိုင်း ထားမည်ဖြစ်ပြီး ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် FM စနစ်ဖြင့် ထုတ်လွှင့်နေမှုကို   ပုံမှန်အတိုင်း   ထုတ်လွှင့်ပေးသွားမည်ဖြစ် ကြောင်း၊ မတ် ၁ ရက်မှစ၍ လှိုင်းလတ် ၄၂၂ မီတာ၊ ၇၁၁ ကီလို ဟတ်ဇ်တို့မှ  ပုံမှန်အတိုင်း    ပြန်လည်ထုတ်လွှင့်သွားမည်ဖြစ် ကြောင်း  သိရှိရသည်။ 
သတင်းစဉ်