
လော့စ်အိန်ဂျလိစ် ဧပြီ ၂
အမေရိကန်ပုဂ္ဂလိက အာကာသ ကုမ္ပဏီ SpaceX သည် နောက်ထပ် စတားလင့်ခ် ဂြိုဟ်တု ၂၂ စင်းကို အာကာသအတွင်းသို့ ဧပြီ ၁ ရက် တွင် လွှတ်တင်လိုက်ကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်တုများကို ဖယ်ကွန် - ၉ ဒုံးပျံဖြင့် ကယ်လီ ဖိုးနီးယားပြည်နယ် ဗန်းဒင်ဘာ့ဂ် အာကာသတပ်ဖွဲ့ အခြေစိုက်စခန်း မှ ဧပြီ ၁ ရက် ပစိဖိတ်စံတော်ချိန် ညနေ ၇ နာရီခွဲတွင် လွှတ်တင်ခဲ့ ခြင်းဖြစ်သည်။ ဖယ်ကွန် - ၉ ဒုံးပျံ ၏ ပထမအဆင့် booster သည် ပစိဖိတ်သမုဒ္ဒရာတွင် စခန်းချထား သည့် Of Course I Still Love You ဒရုန်းယာဉ်ပေါ်သို့ ဆင်းသက်ခဲ့ ကြောင်း သိရသည်။
နောက်ပိုင်းတွင် အဆိုပါ အာကာသကုမ္ပဏီသည် ဂြိုဟ်တု ၂၂ စင်းကို ဖြန့်ကြက်ချထား ကြောင်း အတည်ပြုခဲ့သည်။ စတားလင့်ခ်သည် အင်တာနက် သုံးစွဲခွင့်မရရှိသော နေရာများ၊ သုံးစွဲခွင့်ရရန် ဈေးအလွန်ကြီးသော နေရာများ သို့မဟုတ် လုံးဝသုံးစွဲခွင့် မရရှိသော နေရာများအား မြန်နှုန်း မြင့် အင်တာနက်ဝန်ဆောင်မှုကို သုံးစွဲခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ