
ရန်ကုန် ဇူလိူင် ၆
ရွှေသံလွင် မီဒီယာကစီစဉ်သည့် SO ကိုယ်ပိုင်သံစဉ် တေးရေး တေးဆို တေးသီချင်းပြိုင်ပွဲကြီးကို ၂၀၂၃ ခုနှစ် ဩဂုတ် ဒုတိယပတ် တွင် Channal 9 (Free to Air)နှင့် Sky Net Music Channal တို့တွင် ပြသသွားမည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်း လမ်းရှိ ရွှေထွဋ်တင်ဝင်း၌ ပြုလုပ် သည့် တေးသီချင်းပြိုင်ပွဲ စာနယ် ဇင်း မိတ်ဆက်ပွဲမှ သိရသည်၊၊
အဆိုပါ SO ကိုပိုင်သံစဉ် တေးရေးတေးဆို တေးသီချင်း ပြိုင်ပွဲကြီးသည် ရွှေသံလွင်မီဒီ ယာ၏ကိုယ်ပိုင် Format ပြိုင်ပွဲပုံစံ တစ်ခုအဖြစ် စတင်ကျင်းပခြင်း ဖြစ်သည့်အပြင် ပြိုင်ပွဲ၏ ထူးခြား ချက်မှာ အသက်အရွယ်ကန့်သတ် ခြင်းမရှိဘဲ တေးရေးပြိုင်ပွဲနှင့် တေးဆိုပြိုင်ပွဲဟူ၍ တစ်ချိန်တည်း ပြိုင်ပွဲဝင်ရခြင်းပုံစံဖြစ်ပြီး မြန်မာ နိုင်ငံတွင် ပထမဆုံးကျင်းပသည့် ဂီတပြိုင်ပွဲတစ်ခုဖြစ်သည်၊၊
ယခုပြိုင်ပွဲသည် Season (1) အဖြစ် စတင်ကျင်းပခြင်းဖြစ်ပြီး ကိုယ်ပိုင်သံစဉ် တေးသီချင်းများ ကို ရေးသားပြိုင်ပွဲဝင်ရခြင်း၊ နာမည်ကျော် ကိုယ်ပိုင်သံစဉ် သီချင်းများကို သီဆိုယှဉ်ပြိုင်ရ ခြင်းဟူ၍ ပြိုင်ပွဲဝင်များက သက်ဆိုင်ရာ အမျိုးအစားလိုက် ယှဉ်ပြိုင်ရမည်ဖြစ်သည်၊၊
တေးရေး ပြိုင်ပွဲဝင်များသည် ၎င်းတို့ကိုယ်တိုင် ရေးသားထား သော သီချင်းများကို Online Clip များဖြင့် ကြိုတင်ပေးပို့ကာ Audtion ဝင်ရမည်ဖြစ်ပြီး ၎င်းတို့ ထဲမှ နောက်အဆင့်များအတွက် ရွေးချယ်ခံရမည်ဖြစ်ကာ ဆက်လက် ပြိုင်ပွဲဝင်ရမည်ဖြစ်သည်၊၊
တေးဆို ပြိုင်ပွဲဝင်များ၏ Audtion အဆင့်တွင်မူ မိမိကြိုက် ရာ သီချင်းများဖြင့်ပါဝင်သီဆိုနိုင် ပြီး လူကိုယ်တိုင်လာရောက်ယှဉ် ပြိုင်ရမည်ဖြစ်သည်။ ထို့နောက် တေးဆို ပြိုင်ပွဲဝင်များသည် ၎င်းတို့၏ ကိုယ်ပိုင်သံစဉ်သီချင်း များ (သို့မဟုတ်) နာမည်ကျော် ကိုယ်ပိုင်သံစဉ် သီချင်းများကို သီဆိုယှဉ်ပြိုင်ကာ ပြိုင်ပွဲအဆင့်ဆင့် တွင် ရွေးချယ်ခံရပြီး ဆက်လက် ပြိုင်ပွဲဝင်ရမည်ဖြစ်သည်၊၊
ထိုသို့ပြိုင်ပွဲ Level မှာ အဆင့် ဆင့်ထိ ယှဉ်ပြိုင်ပြီးသည့်အခါ Quarter Final , Semi Final Grand Final ဟူ၍ ဆက်လက်ယှဉ်ပြိုင် ပြီး အနိုင်ရရှိနိုင်မည်ဖြစ်သည်၊၊
တေးရေးအတွက် ပထမဆု နှင့် တေးဆိုအတွက် ပထမဆု အပြင် Final Winner များကို ထိုက်တန်စွာ ဆုချီးမြှင့်သွားမည် ဖြစ်သည်၊၊
တေးရေးအတွက် ပထမဆု ငွေကျပ် ၄၅ သိန်း၊ တေးဆိုအတွက် ပထမဆု ငွေကျပ် ၄၅ သိန်း၊ ချီးမြှင့် သွား မည်ဖြစ်ပြီး အခြားဆုမဲများ ကိုလည်း ချီးမြှင့်သွားမည်ဖြစ် သည်၊၊
အဆိုပါ SO ကိုယ်ပိုင်သံစဉ် တေးရေး တေးဆို တေးသီချင်း ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်များ အဖြစ် တေးရေး မြင့်မိုးအောင်၊ တေးသံရှင် ချောဆုခင်နှင့် တေးရေး တေးဆို ဝေကြီးတို့က ပါဝင်ဆောင် ရွက်ကြမည်ဖြစ်သည်၊၊
အဆိုပါ SO ကိုယ်ပိုင်သံစဉ် တေးရေး တေးဆို တေးသီချင်း ပြိုင်ပွဲကို ဂီတလောကတွင် တေးရေး နှင့်တေးဆို ဂီတမျိုးဆက်များ ပေါ်ထွန်းလာစေရန်နှင့် မြေတောင် မြှောက်ပေးရန်၊ တေးရေးပြိုင်ပွဲ များ ရှားပါးသောကြောင့် ထူးခြား ချက်အနေဖြင့် အသက်အရွယ် ကန့်သတ်ထားခြင်းမရှိဘဲ တေးရေး တေးဆိုပြိုင်ပွဲ ကျင်းပရခြင်းဖြစ် သည့်အပြင် Level တစ်ခုတွင် ပေါင်းစည်းပြီး ယှဉ်ပြိုင်ရသဖြင့် အတွေ့အကြုံအသစ်များပေါ်ထွန်း လာစေရန်၊ ရွှေသံလွင်မီဒီယာ၏ ကိုယ်ပိုင် Format ပြိုင်ပွဲတစ်ခု ဖြစ်ပြီး ဂီတလောကကို ပံ့ပိုးကူညီ သွားမည့် အကောင်းဆုံးပြိုင်ပွဲဝင် တစ်ခုအဖြစ် ပေါ်ပေါက်လာစေရန် စသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပ ရခြင်းဖြစ်သည်၊၊
သတင်းစဉ်