သံတောင်ကြီးမြို့နှင့် ကော့သောင်းမြို့တို့ရှိ တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး

 

နေပြည်တော်    စက်တင်ဘာ    ၃၀


ကရင်ပြည်နယ်    သံတောင်ကြီးမြို့ရှိ     နယ်မြေခံ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူ လျက်ရှိသော   အရာရှိ၊   စစ်သည်၊    မိသားစုများနှင့် ဒေသခံပြည်သူများအား    စက်တင်ဘာ   ၂၉    ရက် မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ  ဒုတိယဗိုလ်ချုပ်ကြီး  ဖုန်းမြတ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့  ဝင်များက လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး  ကော့သောင်းမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့  နေ့လယ်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)  မှ     ဒုတိယဗိုလ်ချုပ်ကြီး      အောင်စိုး၊ ကမ်းရိုးတန်းဒေသ    တိုင်းစစ်ဌာနချုပ်    တိုင်းမှူး  ဗိုလ်ချုပ်   စောသန်းလှိုင်နှင့်  အဖွဲ့ဝင်များကလည်း ကောင်း အသီးသီးသွားရောက်ကြည့်ရှု၍ တစ်ဦးချင်း ၏  ရောဂါဖြစ်ပွားမှု၊  ဆေးဝါးကုသပေးထားမှုနှင့်  ကျန်းမာရေး    တိုးတက်ကောင်းမွန်မှု    အခြေအနေ များကို   မေးမြန်းအားပေးစကား   ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။


ထို့နောက် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်