သံတွဲမြို့နယ်နှင့် ငပလီမြို့၌ စက်သုံးဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချ

 

ငပလီ  အောက်တိုဘာ  ၁၄

 


ရခိုင်ပြည်နယ်  သံတွဲမြို့နယ်နှင့်ငပလီမြို့တို့တွင်   စက်သုံးဆီများ အဆမတန်      ဈေးတက်လာမှု ကြောင့် အသေးစား၊  အလတ်စား လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းအချို့ လည်ပတ်နိုင်မှုမရှိ ဘဲ   ရပ်နားထားရသလို  သုံးဘီး ဆိုင်ကယ်  အငှားယာဉ်မောင်းနှင် နေသူများအနေဖြင့်   ယာဉ်စီးခ နှုန်းထားများကို   သတ်မှတ်နှုန်း ထားထက်     တိုးမြှင့်ကောက်ခံ လျက်ရှိသည်။

 


သံတွဲမြို့နယ်တွင်   ယခင်က စက်သုံးဆီ    အောက်တိန်း(92) တစ်လီတာ  ငွေကျပ် ၁၂၀၀  ရှိခဲ့ သော်လည်း          ယခုအခါ အောက်တိန်း (92) တစ်လီတာကို ၁၅၇၅ ကျပ်နှင့်  အောက်တိန်း(95) တစ်လီတာကို  ယခင်က  ငွေကျပ် ၁၃၀၀ မှ ၁၆၄၅  ကျပ်အထိ  ဈေး တက်လာမှုကြောင့်  အသေးစား၊ အလတ်စား     လုပ်ငန်းရှင်များနှင့် သုံးဘီး    အငှားယာဉ်မောင်းနှင်သူ များ   အဆင်ပြေစေရန်အတွက် သံတွဲမြို့    ကျော်ဇင်စက်သုံးဆီအရောင်းဆိုင်နှင့်     နန်းချောင်း ကျေးရွာရှိ စင်တော်ကောက်စက် သုံးဆီ       အရောင်းဆိုင်များတွင် စက်သုံးဆီ      အောက်တိန်း(92) တစ်လီတာကို ၁၁၈၇ ကျပ် ၊ ဒီဇယ် တစ်လီတာကို  ၁၁၇၇   ကျပ်၊ ပရီမီယမ်ဒီဇယ်  တစ်လီတာကို ၁၁၈၄ ကျပ်   သတ်မှတ်ဈေးနှုန်း များဖြင့်   နိုင်ငံတော်ဗဟိုဘဏ်၏ အစီအစဉ်အတိုင်း   ရောင်းချပေး နေခြင်း ဖြစ်သည်။

 


သုံးဘီး   ဆိုင်ကယ်မောင်းနှင် သူတစ်ဦးက  “စက်သုံးဆီဈေးတွေ    ဈေးနှုန်း ချိုသာစွာ  ရောင်းချနေ တဲ့ဆိုင်တွေ     ရှိလာတဲ့အတွက်    ယာဉ်စီးခကိုလည်း     တိုးမြှင့် ကောက်ခံစရာ   မလိုတော့ဘူး။    သတ်မှတ်ယာဉ်စီးခ    တောင်းခံတဲ့ အတွက်       ဝင်ငွေတွေလည်း ပုံမှန်ရရှိနေပါပြီ”   ဟု      ပြောသည်။ 


ရန်ငြိမ်း