
နေပြည်တော် အောက်တိုဘာ ၇
ရခိုင်ပြည်နယ် သံတွဲမြို့ နယ်၌ အောက်တိုဘာ ၆ ရက်က မိုးကြိုးပစ်ခံရမှု ကြောင့် စက်လှေပေါ်ရှိ လူ နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ၊ တစ်ဦး ရေနစ်ပျောက်ဆုံးခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တို ဘာ ၆ ရက် မွန်းလွဲ ၃ နာရီ က သံတွဲမြို့နယ် ဥယျာဉ် ကွင်း ကျေးရွာနေ ဦးသန်းရွှေ (၄၅ နှစ်) မောင်းနှင်ပြီး ဇနီး ဖြစ်သူ မအေးအေးအောင်နှင့် (၂ နှစ်)သားအရွယ် တစ်ဦး၊ (၅ နှစ်)သားအရွယ် တစ်ဦးတို့ လိုက်ပါလာသော စက်လှေ သည် သံတွဲမြို့မှ သံတွဲ ချောင်းအတိုင်း ပြန်လာစဉ် ကျောင်းတော် ကျေးရွာအနီး အရောက်၌ မိုးရွာသွန်းပြီး မိုးကြိုးပစ် ခံရမှုကြောင့် ဦးသန်းရွှေမှာ ရေထဲပြုတ်ကျ ပျောက်ဆုံး ခဲ့ကြောင်း၊ မအေးအေးအောင် နှင့် (၂ နှစ်) သားအရွယ် တစ်ဦး မှာ ဒဏ်ရာများရရှိ သေဆုံး ခဲ့ပြီး (၅ နှစ်) သားအရွယ် တစ်ဦးမှာ ဒဏ်ရာများ ရရှိခဲ့ သဖြင့် သံတွဲဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရ သည်။
ရဲပြန်ကြား