
နေပြည်တော် အောက်တိုဘာ ၁၅
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သော သံရုံးဒုတိယအကြီးအကဲသင်တန်း (Course for Deputy Chief of Mission-CfDCM) အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် Virtual Platform မှတစ်ဆင့် ကျင်းပသည်။ အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက်၍ အမှာစကား ပြောကြားသည်။
အဆိုပါသင်တန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန တွင် ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၆ ရက်အထိ ပထမ အဆင့်အဖြစ် လည်းကောင်း၊ အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက်အထိ ဒုတိယအဆင့် အဖြစ် လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာထမ်းနှင့် အလယ်အလတ်အဆင့်အရာထမ်း စုစုပေါင်း ၂၆ ဦး တက်ရောက်ခဲ့သည်။
သင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ အဆင့်မြင့်အရာရှိများက သင်တန်း တွင် ဆွေးနွေးပို့ချခဲ့ကြသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်