သန့်ရှင်းသာယာသပ်ရပ်ရေးစုပေါင်းလုပ်အားပေးဆောင်ရွက်နေမှု ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

 

ရန်ကုန် ဩဂုတ် ၆


ရန်ကုန်တိုင်းဒေသကြီး  စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်   စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်)   ဦးဗိုလ်ဌေးသည်   ဒုတိယ မြို့တော်ဝန်၊   အတွင်းရေးမှူး၊   ကော်မတီဝင်များ၊ ဌာနမှူးများနှင့်နှင့်အတူ ယနေ့နံနက်ပိုင်းက ပန်းဘဲ တန်းမြို့နယ် (၅) ရပ်ကွက် ၂၇  လမ်း  အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းသို့  သွားရောက်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊   လူမှုအသင်းအဖွဲ့များ ပူးပေါင်းအင်အားဖြင့်   ကျောင်းရှေ့ရေမြောင်းများ အတွင်း  အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းခြင်း၊ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊   သွေးလွန် တုပ်ကွေးရောဂါ   ကာကွယ်နှိမ်နင်းရေးအတွက် စာသင်ခန်းများအတွင်း    ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်း ပုံသွင်းအလင်းဖွင့်ရန်နှင့် ကျောင်း တန်းစီကွင်း တိုက်ချွတ်ဆေးကြောပြီးပါက ထုံးဖြူး ရန် မှာကြားသည်။

 


ကြည့်ရှုစစ်ဆေး


ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ကျောက် တံတားမြို့နယ် (၄)  ရပ်ကွက် ပန်းဆိုးတန်းလမ်း အနောက်ဘက်ခြမ်း  (ကမ်းနားလမ်းနှင့်ကုန်သည်လမ်းကြား) ပြည်တွင်းအခွန်များဦးစီးဌာနရှေ့ လမ်း တစ်လျှောက်၌လည်းကောင်း၊ တာမွေမြို့နယ် နတ် မောက်ရပ်ကွက် ကျိုက္ကဆံလမ်းနှင့် ဦးထွန်းမြတ် လမ်း   လမ်းထောင့်ရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း၌လည်းကောင်း၊ ရန်ကင်းမြို့ နယ် (၁၅)ရပ်ကွက် မိုးကောင်းလမ်း အခြေခံပညာ အလယ်တန်းကျောင်းခွဲ၊ အမှတ်(၁၁) အခြေခံပညာ မူလတန်းကျောင်း၌လည်းကောင်း၊   ဌာနဆိုင်ရာ ဝန်ထမ်းများ၊   လူမှုရေးအသင်းအဖွဲ့များ၊   စည်ပင် သာယာဝန်ထမ်းအင်အားဖြင့်    အုပ်မိုးကိုင်းများ၊ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သွေးလွန် တုပ်ကွေးရောဂါ   ကာကွယ်နှိမ်နင်းရေးအတွက် စာသင်ခန်းများအတွင်း      ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး အုပ်မိုးကိုင်းများ   ခုတ်၍ အလင်းဖွင့်  ပုံသွင်းရန်တို့ကို  မှာကြာပြီး   လိုအပ် သည်များ   ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်