
နေပြည်တော် ဩဂုတ် ၁၃
မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ကျန်းမာ ရွှင်လန်းသော လူမှုပတ်ဝန်းကျင် ကို ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စိတ်နှလုံး ချမ်းမြေ့ဖွယ်ရာ မျက်စိ ပသာဒဖြစ်ပြီး ကျန်းမာရေး နှင့်ညီညွတ်သည့် ပတ်ဝန်းကျင် တစ်ခုရှိရန် အလွန်လိုအပ် အရေးကြီးလှပါသည်။ မိမိတို့ တစ်ဦးချင်း နေထိုင်ကြသည့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေ မှသာလျှင် သန့်ရှင်းသာယာလှပ သော မြို့၊ ရွာ (Clean city၊ Clean Village) များ ဖြစ်လာမည်ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတမည် ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိ မြို့ရွာ သန့်ရှင်းသာယာရေးကို ဒေသခံများ၊ ဒေသတွင် တာဝန် ထမ်းဆောင်နေကြသည့် အုပ်ချုပ် ရေးအဖွဲ့အစည်းများနှင့် စည်ပင် သာယာရေး တာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက်ကြရမည် ဖြစ်သည်။
ယခုအချိန်အခါတွင် နိုင်ငံ တော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်း လုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်း များ၊ ဒေသခံပြည်သူများအားလုံး က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ် ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင် လည်း မိမိတို့၏ မြို့၊ ရွာဒေသ များ သန့်ရှင်းသာယာလှပရေးကို အားတက်သရော ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ် အပါ အဝင် မြို့နယ် ရှစ်မြို့နယ်တို့၌ လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နှင့် ကွတ်ခိုင်မြို့တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးမြို့၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အပါအဝင် မြို့နယ် ၁၀ မြို့နယ် တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ရှိ မြို့နယ် ၁၄ မြို့နယ်၊ အနောက် ပိုင်းခရိုင်ရှိ မြို့နယ် ၁၂ မြို့နယ်၊ တောင်ပိုင်းခရိုင်ရှိ မြို့နယ် ၁၀ မြို့နယ်၊ မြောက်ပိုင်းခရိုင်ရှိ မြို့နယ် ကိုးမြို့နယ်တို့၌ လည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ လည်းကောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့အပါအဝင် မြို့နယ် ၁၂ မြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ် အပါအဝင် မြို့နယ် ၁၁ မြို့နယ်တို့၌ လည်းကောင်း ဘုရား၊ စေတီပုထိုးများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူ များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်း များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေး ခြင်းနှင့် ခြင်ဆေးဖျန်းပေးခြင်း တို့ကို ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်အသီးသီးမှ တာဝန်ရှိ သူများက လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်