
နေပြည်တော် ဇူလိုင် ၂၃
ယခုအချိန်အခါတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှု နှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများအားလုံးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ညီညီညွတ်ညွတ် ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင် လည်း မိမိတို့၏ မြို့၊ ရွာဒေသများ သန့်ရှင်းသာယာ လှပရေးကို ဆောင်ရွက်လျက်ရှိသည်။
အမှိုက်များရှင်းလင်း
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ်အပါ အဝင် မြို့နယ် ခုနစ်မြို့နယ်တို့၌ လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အပါအဝင် မြို့နယ် သုံးမြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့နှင့် မိုးနဲမြို့တို့၌လည်းကောင်း၊ ရှမ်း ပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ် မြို့ အပါအဝင် မြို့နယ် ငါး မြို့နယ် တို့၌ လည်းကောင်း၊ မွန်ပြည်နယ် သထုံမြို့နယ် အပါအဝင် မြို့နယ် လေးမြို့နယ် တို့၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အပါအဝင် မြို့နယ် ၁၀ မြို့နယ်တို့ ၌ လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ရှိမြို့နယ် ၁၄ မြို့နယ်၊ အနောက် ပိုင်း ခရိုင်ရှိမြို့နယ် ၁၂ မြို့နယ်၊ တောင်ပိုင်းခရိုင်ရှိ မြို့နယ် ၁၀ မြို့နယ်၊ မြောက်ပိုင်းခရိုင်ရှိမြို့နယ် ကိုးမြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌လည်း ကောင်း၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ အပါအဝင် မြို့နယ် လေးမြို့နယ်နှင့် ချင်း ပြည်နယ် ပလက်ဝမြို့တို့၌ လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အပါအဝင် မြို့နယ် ခုနစ်မြို့နယ်၊ မကွေးတိုင်းဒေသ ကြီး တောင်တွင်းကြီးမြို့၊ ပခုက္ကူ မြို့နယ်နှင့် ချင်းပြည်နယ် ဟားခါးမြို့တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေး သာစံမြို့နယ် အပါအဝင် မြို့နယ် ၁၁ မြို့နယ်တို့၌ လည်းကောင်း ၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ မြို့နယ်နှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့ တို့၌လည်းကောင်းဘုရား၊ စေတီ ပုထိုးများ၊ ဌာနဆိုင်ရာ အဆောက် အအုံများ၊ အခြေခံပညာကျောင်း များ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စည်ပင်သာယာ ရေး အဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက် များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်း များတူးဖော်ပေးခြင်းနှင့် ခြင်ဆေး ဖျန်းပေးခြင်းတို့ကို ဆောင်ရွက် ပေးကြသည်။
ကြည့်ရှုအားပေး
ယင်းသို့ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ဝန်ကြီး ချုပ်များနှင့် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်