
နေပြည်တော် မေ ၁၃
ယခုအချိန်အခါတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်း လုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်း များ၊ ဒေသခံပြည်သူများအားလုံး က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ် ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင် လည်း မိမိတို့၏ မြို့၊ ရွာဒေသ များသန့်ရှင်းသာယာလှပရေးကိုအားတက်သရော ဆောင်ရွက် လျက်ရှိကြသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်ခြောက်မြို့နယ် တို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ မြို့နယ် သုံးမြို့နယ်တို့၌ လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့၌ လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ခြောက်မြို့နယ်တို့၌ လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၄၅ မြို့နယ် တို့၌လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကိုးမြို့နယ်တို့၌ လည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ မြို့နယ်နှင့် ကရင်ပြည်နယ် သံတောင်ကြီး မြို့တို့၌လည်းကောင်း ဘုရား၊ စေတီပုထိုးများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စည်ပင်သာယာရေး အဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်း များ တူးဖော်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။
ထို့ပြင် မန္တလေးမြို့ပေါ်ရှိ တာဝန်သိ လူငယ်၊ လူရွယ်များ စုစည်း၍ “မြို့ရွာ သန့်ရှင်းရောဂါ ကင်း၊ စုပေါင်းအမှိုက်ရှင်း”စာသား တံဆိပ်ပါ တူညီဝတ်စုံများဝတ်ဆင် ပြီး ချမ်းမြသာစည်မြို့နယ် ၄၅ လမ်း၊ ၁၁၄ လမ်းနှင့် ၁၁၅ လမ်း ကြား အမှတ်(၁၉) အခြေခံပညာ အလယ်တန်း ကျောင်းအတွင်း အပြင် စုပေါင်းအမှိုက်ကောက် ခြင်းနှင့် ရပ်ကွက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ သက်သာ ချောင်ချိမှုရှိစေရန် ပြည်သူများ ထံမှ အမှိုက် တစ်ပိဿာလျှင် ၁၀၀ ကျပ်ဖြင့်ဝယ်ယူ၍ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းများကို ဆောင် ရွက်ကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ် များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက လိုက်လံကြည့်ရှုအားပေး ပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်