သန့်ရှင်းသာယာသော မြို့၊ ရွာများဖြစ်စေရေး ဒေသခံပြည်သူများ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များက ဆောင်ရွက်

 

နေပြည်တော်  ဩဂုတ်  ၆


ယခုအချိန်အခါတွင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊   ဒေသခံပြည်သူများ အားလုံးက  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြ ပြီး  အပတ်စဉ်   စနေနေ့တိုင်းတွင်လည်း     မိမိတို့ ၏   မြို့၊ ရွာဒေသများ  သန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်လျက်ရှိကြသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည် တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အပါအဝင် မြို့နယ် ခုနစ်မြို့နယ်တို့၌လည်းကောင်း၊ ကချင်ပြည် နယ်   မြစ်ကြီးနားမြို့နယ်အပါအဝင်    မြို့နယ် သုံးမြို့နယ်တို့၌လည်းကောင်း၊    ရှမ်းပြည်နယ် (မြောက်ပိုင်း)    လားရှိုးမြို့အပါအဝင်   မြို့နယ် ငါးမြို့နယ်တို့၌လည်းကောင်း၊     ရှမ်းပြည်နယ် (တောင်ပိုင်း) ခိုလမ်းမြို့အပါအဝင် မြို့နယ် သုံးမြို့ နယ်တို့၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အပါအဝင် မြို့နယ် ၁၀ မြို့နယ်တို့၌လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်း ခရိုင်ရှိ မြို့နယ် ၁၄ မြို့နယ်၊ အနောက်ပိုင်း ခရိုင်ရှိမြို့ နယ် ၁၂ မြို့နယ်၊ တောင်ပိုင်းခရိုင်ရှိမြို့နယ်  ၁၀ မြို့နယ်၊ မြောက်ပိုင်းခရိုင်ရှိ မြို့နယ် ကိုးမြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌လည်းကောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့အပါအဝင် မြို့နယ် ၁၂ မြို့နယ်တို့၌လည်း ကောင်း၊  စစ်ကိုင်းတိုင်းဒေသကြီး   စစ်ကိုင်းမြို့နယ် အပါအဝင် မြို့နယ် ရှစ်မြို့နယ်၊ မကွေးတိုင်းဒေသ ကြီး မြိုင်မြို့နယ်နှင့် ချင်းပြည်နယ် မတူပီမြို့နယ်တို့၌ လည်းကောင်း၊   မန္တလေးတိုင်းဒေသကြီး   ချမ်းမြ သာစည်မြို့နယ် အပါအဝင် မြို့နယ် ၁၀ မြို့နယ်တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်နှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့တို့၌ လည်းကောင်း ဘုရား၊ စေတီပုထိုးများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊  အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊  ဆေးရုံများ၊  ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံ ပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စည်ပင် သာယာရေးအဖွဲ့များ၊   ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များ၊   ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊  တပ်မတော်သား များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊   အမှိုက်များရှင်းလင်းခြင်း၊   ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေး ခြင်းနှင့် ခြင်ဆေးဖျန်းပေးခြင်းတို့ကို ဆောင်ရွက် ပေးကြသည်။

 


ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ  တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန် ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း  သတင်း ရရှိသည်။                                          

သတင်းစဉ်