
နေပြည်တော် မေ ၁၄
မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင် လန်းသော လူမှုပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စိတ် နှလုံးချမ်းမြေ့ဖွယ်ရာ မျက်စိ ပသာဒဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ခု ရှိရန် အလွန်လိုအပ်အရေးကြီးလှ သည်။ မိမိတို့ တစ်ဦးချင်းနေထိုင် ကြသည့် ပတ်ဝန်းကျင် သန့်ရှင်း သပ်ရပ်နေမှသာလျှင် သန့်ရှင်း သာယာလှပသောမြို့၊ ရွာ Clean city ၊ Clean Village များ ဖြစ်လာ မည်ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတမည် ဖြစ်သည့် အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကို ဒေသခံ များ၊ ဒေသတွင် တာဝန်ထမ်း ဆောင်နေကြသည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် စည်ပင် သာယာရေး တာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက်ကြရမည် ဖြစ်သည်။
ယခုအချိန်အခါတွင် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်း လုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်း များ၊ ဒေသခံပြည်သူများအားလုံး က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ် ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင် လည်း မိမိတို့၏ မြို့၊ ရွာ ဒေသများ သန့်ရှင်းသာယာ လှပရေးကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ်အပါ အဝင် မြို့နယ် လေးမြို့နယ်၌ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကျိုင်းတောင်း မြို့နယ်အပါအဝင် မြို့နယ် ကိုး မြို့နယ်၌လည်းကောင်း၊ ရှမ်းပြည် နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် အပါအဝင် မြို့နယ် ခုနစ်မြို့နယ်၌ လည်းကောင်း၊ မွန်ပြည်နယ် ချောင်းဆုံမြို့အပါအဝင် မြို့နယ် သုံးမြို့နယ်နှင့် ကရင်ပြည်နယ် လှိုင်းဘွဲမြို့၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အပါအဝင် မြို့နယ် ၁၀ မြို့နယ် ၌လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ် ၁၄ မြို့နယ်၊ အနောက်ပိုင်း ခရိုင်ရှိ မြို့နယ် ၁၂ မြို့နယ်၊ တောင်ပိုင်းခရိုင်ရှိ မြို့နယ် ၁၀ မြို့နယ်၊ မြောက်ပိုင်းခရိုင်ရှိ မြို့နယ် ကိုးမြို့နယ်၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၃ မြို့နယ်၌ လည်း ကောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့ အပါအဝင် မြို့နယ် ခုနစ်မြို့နယ်၌ လည်းကောင်း(အပေါ်ပုံ)၊ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့နှင့် ခန္တီး မြို့၊ မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့နှင့် ချင်းပြည်နယ် ဟားခါးမြို့ တို့၌လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်နှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့၌လည်းကောင်း ဌာနဆိုင်ရာ အဆောက်အအုံများ၊ အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဈေး များ၊ ပန်းခြံများနှင့် လမ်း၊ တံတား များ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ် ရေးအဖွဲ့အစည်းများ၊ စည်ပင် သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်း များ တူးဖော်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ဝန်ကြီး ချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီး သီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက လိုက်လံကြည့်ရှုအားပေး ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်