
သနပ်ပင် အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့်အတူ အောက်တိုဘာ ၂၇ ရက်က သနပ်ပင်မြို့နယ် ကျောင်းစုကျေးရွာ၌ ဆိုလာစနစ် ဖြင့် နွေစပါးရေပေးဝေရေး မြစ် ရေတင်လုပ်ငန်း လည်ပတ်နေမှု ကို သွားရောက်ကြည့်ရှု စစ်ဆေး သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ် ပင်မြို့နယ် ကျောင်းစုကျေးရွာ ဆိုလာစနစ်ဖြင့် နွေစပါးရေပေးဝေ ရေးမြစ်ရေတင်လုပ်ငန်း လည်ပတ် နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးရာ စီမံကိန်းရှင်းလင်း ဆောင်၌ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေး မှူး ဦးကိုကိုဦးက တိုင်းဒေသကြီး အစီအစဉ်ဖြင့် လျှပ်စစ်မြစ်ရေ တင်စနစ်မှ ဆိုလာစနစ်ဖြင့် မြစ်ရေတင် စီမံကိန်းအဖြစ် ပြောင်းလဲဆောင်ရွက် ပြီးစီးခဲ့မှုနှင့် နွေစပါး ရေပေးဝေရေးလုပ်ငန်း များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာစနစ်ကို အသုံးပြု ရခြင်းသည် ရေရှည်အတွက် အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ် သဖြင့် ကျန်ရှိသော လျှပ်စစ်မြစ်ရေတင်စီမံကိန်းများအား ဆိုလာ စနစ် ပြောင်းလဲသွားမည်ဖြစ် ကြောင်းနှင့် ဒေသအတွင်း နွေစပါး တိုးချဲ့စိုက်ပျိုးနိုင်ရေးကိုလည်း စည်းရုံးဆောင်ရွက် သွားရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ် ပင်မြို့နယ် မင်းရွာလျှပ်စစ်မြစ် ရေတင်စက်ရုံသို့ ရောက်ရှိပြီး လျှပ်စစ် မြစ်ရေတင်စနစ်အား ဆိုလာစနစ်ဖြင့် ပြောင်းလဲဆောင် ရွက်နိုင်ရေး တွက်ချက်တင်ပြပေး ရန် တာဝန်ရှိသူများအား မှာကြားသည်။ ယင်းနောက် သနပ်ပင်-မင်းရွာ ကျေးလက် ဂဝံလမ်းကို ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေး တွက်ချက်တင်ပြရန် ကျေးလက် လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ တာဝန်ရှိသူများအား မှာကြား ကြောင်း သိရသည်။
တိုင်းဒေသကြီး အတွင်း လျှပ်စစ်မြေရေတင်လုပ်ငန်း ၂၂ ခုရှိပြီး သနပ်ပင်မြို့နယ် ကျောင်းစု ရေတင်လုပ်ငန်းကို ၂၀၀၅-၂၀၀၆ ခုနှစ်တွင် ဒီဇယ်စနစ်ဖြင့် လည်းကောင်း၊ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် လျှပ်စစ်ရေတင်စနစ်ဖြင့် လည်းကောင်း အသုံးပြုနေခဲ့ရပြီး ယခုအခါ လျှပ်စစ်ရေတင်စနစ်မှ ဆိုလာစနစ် ရေတင်လုပ်ငန်းအဖြစ် ထပ်မံပြောင်းလဲ ဆောင်ရွက်နိုင် ခဲ့သဖြင့် နှစ်စဉ်ဓာတ်အားခ ကုန်ကျစရိတ် သက်သာခြင်း၊ နေ့စဉ် မနက်ပိုင်းမှ ညနေပိုင်း အထိ ဆိုလာစနစ်ဖြင့် ရေတင်၍ နွေစပါးစိုက်ဧက ၃၀၀ ကျော်ခန့် အား ရေပေးဝေလျက်ရှိခြင်း၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် နေရောင်ခြည်ကို အသုံးချသဖြင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးကို အထောက်အကူပြုစေခြင်း နှင့် ပိုလျှံလာသည့် လျှပ်စစ် ဓာတ်အားများကို အခြားလိုအပ် သည့် စက်ရုံ/အလုပ်ရုံများ သုံးစွဲ နိုင်စေရန်ရည်ရွယ်၍ တိုင်းဒေသ ကြီးရန်ပုံငွေဖြင့် ဆောင်ရွက်ပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)