​သံဖြူဇရပ်မြို့နယ်၌ မွေးကင်းစ စွန့်ပစ်က​လေးငယ်တစ်ဦးအား​ ကျန်းမာ​ရေး​စောင့်ရှောက်မှု​ပေးထား

 

သံဖြူဇရပ်   မတ်  ၂
သံဖြူဇရပ်မြို့နယ်    စခန်းကြီး​ကျေးရွာ   မရှိခဏဆေး​တောင် ဘုန်း​တော်ကြီး​ကျောင်း  အဝင် မုခ်ဝတွင်​ ယမန်နေ့က မွေးကင်းစ က​လေးတစ်ဦးကို    စွန့်ပစ်ထား သည်ကို​  တွေ့ရှိ​​ကြောင်း  မရှိခဏ ဆရာ​တော်က မြို့နယ်ကြက်​​ခြေနီ တပ်ဖွဲ့မှူး  ဦးစိုးမင်းထံ  ဖုန်းဖြင့် အ​ကြောင်းကြားသဖြင့် ဦးစိုးမင်း က မြို့နယ်ပြည်သူ့​ဆေးရုံမှ  ဆရာ ဝန်ကြီး   ဒေါက်တာ  မင်းသန့်ဇင်၊ မြို့နယ် မိခင်နှင့်က​လေး​       စောင့်​ရှောက်​ရေးအသင်းဥက္ကဋ္ဌ​ ဒေါ်ဝင်း ဝင်းမာတို့အား   အသိ​ပေးအကြံ ဉာဏ်တောင်းခံပြီး    ည ၈  နာရီ တွင်   ကြက်​ခြေနီတပ်ဖွဲ့ဝင်များ က သွား​ရောက်၍  ဆရာ​တော်ထံမှ ကလေးငယ်ကို   လွှဲ​ပြောင်းယူခဲ့​ကြောင်း သိရသည်။
အဆိုပါက​လေးငယ်မှာ  မိန်း က​လေးဖြစ်ကာ     မွေးကင်းစ သုံးရက်သားခန့်သာ     ရှိ​သေး​ကြောင်းနှင့် ပုဆိုးဖြင့်  အနှီးပတ် ၍   ဘုန်းကြီး​ကျောင်းမုခ်ဝတွင်
စွန့်ပစ်ထားသည်ကို​   တွေ့ရှိခြင်း ဖြစ်ကာ  လိုအပ်သည့်  ကျန်းမာ​ရေးစောင့်​ရှောက်မှု​       ပေးနိုင်ရန် မြို့နယ်ပြည်သူ့​ဆေးရုံသို့ ပို့​ဆောင် အပ်နှံခဲ့ကြောင်း သိရသည်။
အဆိုပါ     ရင်ခွင်မဲ့က​လေး အား တရားဝင်ပြုစု​စောင့်​ရှောက် လိုသူများကို     လွှဲပြောင်းပေးနိုင်​ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်​ ရေးအဖွဲ့နှင့်   လူမှု​ရေးအသင်းတို့ က   စီစဉ်ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရသည်။
အေးအေးသီ (ပြန်/ဆက်)