သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ ​ရောဂါကာကွယ်ထိန်းချုပ်​နိုင်ရေး ကျိုက္ခမီရေလယ်ဆံတော်ရှင်မြတ်ဘုရား ဖူး​မြော်ခွင့်ယာယီရပ်ဆိုင်း

 

မော်လမြိုင်     ဇူလိုင်   ၁၁


မွန်ပြည်နယ်  သံဖြူဇရပ်မြို့နယ်   ကျိုက္ခမီမြို့တွင်    ကိုဗစ်-၁၉   ရောဂါ    ကာကွယ်ထိန်းချုပ်​နိုင်ရေး အတွက် ကျိုက္ခမီရေလယ်ဆံတော်ရှင်မြတ်ဘုရားသို့   ရပ်နီးရပ်ဝေးမှ    ရဟန်းရှင်လူပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုခွင့်ကို ဂေါပကအဖွဲ့က ဇူလိုင် ၅ ရက်မှစတင်ပြီး   ယာယီရပ်ဆိုင်းထား​ကြောင်း  သိရသည်၊၊ 


သံဖြူဇရပ်မြို့နယ်၌  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိအတည်ပြုလူနာ  များပြားလာမှုကြောင့် လူစုလူဝေးမဖြစ်​ပေါ်စေရန်နှင့်   ကူးစက်ပြန့်ပွားမှု ကို ထိန်းချုပ်နိုင်ရန်အတွက် ယာယီရပ်ဆိုင်းထား ခြင်းဖြစ်​ပြီး အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ လူနာများထားရှိရန် ကျိုက်က္ခမီရေလယ်ဆံတော် ရှင်မြတ်ဘုရား  ပရိဝုဏ်အတွင်းရှိ  အဆောက် အအုံများ    ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ကြောင်း သိရသည်၊၊  


ကျိုက္ခမီရေလယ်ဆံတော်ရှင်မြတ်ဘုရားသို့  ရပ်နီး၊ ရပ်ဝေးဘုရားဖူးဧည့်သည်များ ပြန်လည် လာရောက်  ဖူး​မြော်ကြည်ညိုခွင့်ပြုမည့်ရက်ကို ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ရုံး အဖွဲ့မှူး ဦးဖိုးငြိမ်း​ထံမှ သိရသည်၊၊

 

ခရိုင်(ပြန်/ဆက်)