
နေပြည်တော် ဧပြီ ၄
သံနှင့်သံမဏိစက်ရုံစီမံကိန်း နှစ်ခု အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် သွင်းအားစုများ စဉ်ဆက် မပြတ်ရရှိရေးတို့အတွက် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ကျင်းပ ရာ ပြည်ထောင်စုဝန်ကြီး ဦးခင် မောင်ရီ၊ ဦးဉာဏ်ထွန်း၊ ဦးကိုကို လွင်၊ ဒေါက်တာချာလီသန်း၊ ဦးမျိုး သန့်၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက အမှတ်(၁)သံမဏိ စက်ရုံ (မြင်းခြံ) စီမံကိန်းနှင့် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းလုပ်ငန်းများ ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်မှစ၍ ပြန်လည်ဆောင် ရွက်ခဲ့ကြောင်း၊ အမှတ်(၁)သံမဏိ စက်ရုံ(မြင်းခြံ) စီမံကိန်းကို ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်မှစ၍ လည်ပတ်ခဲ့ရာ ၂၀၂၄ ခုနှစ် မတ်လ အထိ ၂၃၁ ကြိမ် သံရည်ကျိုခဲ့ပြီး လေးထောင့်ပုံ သံမဏိချောင်း စုစုပေါင်းတန်ချိန် ၁၁၈၂၉ ဒသမ ၈၃ တန် ထုတ်လုပ်ခဲ့ပြီးဖြစ် ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်တွင် စီမံကိန်းအဆင့်(၂) တွင် ပါဝင်သည့် Hot Strip Mill အလုပ် ရုံအား ပြီးစီးအောင် ဆက်လက် အကောင်အထည် ဖော်ခြင်းနှင့် သံရည်ကျိုအလုပ်ရုံအမှတ်(၂)အား စစ်ဆေးပြုပြင်မှု လုပ်ငန်းများကို ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းပြီးမြောက်အောင်မြင်ရေးအတွက် နိုင်ငံတော် မှ တွန်းအားပေးဆောင်ရွက်လျက် ရှိသည့်အတွက် ပြည်တွင်း ပညာရှင်များဖြင့် ဆောင်ရွက်၍ ရသည့်လုပ်ငန်းများကို ဆောင် ရွက်လျက်ရှိကြောင်း၊ စီမံကိန်း အတွက် လိုအပ်သောလျှပ်စစ် အရင်းအမြစ် နှစ်ခုရရှိရေး၊ အခြေခံ အဆောက်အအုံများ ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် ရေး၊ ရေရရှိရေးတို့အတွက် စီမံ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ သံမဏိစက်ရုံစီမံကိန်းများသည် နိုင်ငံအတွက် အကျိုးရှိသည့်စီမံ ကိန်းများဖြစ်သဖြင့် စီမံကိန်း လုပ်ငန်းများ အောင်မြင်စွာ ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရန် စက်မှုဝန်ကြီးဌာန တစ်ခုတည်း၏ အားဖြင့်သာ ဆောင်ရွက်၍မရဘဲ ဆက်စပ်ဝန်ကြီးဌာနများ၏ ပံ့ပိုး ကူညီမှုများနှင့် ဆောင်ရွက်မှသာ ပြီးပြတ်အောင်မြင်မည်ဖြစ်၍ ယခု အစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ဆက်စပ် ဝန်ကြီးဌာနများ အနေဖြင့် စက်မှု ဝန်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိသည့် သံမဏိစက်ရုံစီမံကိန်း နှစ်ခု အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး နှင့် သွင်းအားစုများ စဉ်ဆက် မပြတ်ရရှိရေးတို့အတွက် ဆောင် ရွက်ရာတွင် တတ်နိုင်သမျှ ပါဝင် ကူညီပံ့ပိုး ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ပြောကြား သည်။
ထို့နောက် စက်မှုဝန်ကြီးဌာနဒုတိယဝန်ကြီးက အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)နှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)တို့နှင့် ပတ်သက်၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆက်လက် ဆောင်ရွက်မည့်အစီ အမံများကို လည်းကောင်း၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး က ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် အတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်း များ ဆောင်ရွက်မည့်အခြေအနေ၊ သွင်းအားစုများလိုအပ်မှု၊ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက် မည့် Project Implementation Agency (PIA) နှင့် စီမံကိန်း၏ Finance & Administration, Procurement & Contracts, Environment & Social Safe-guard ပိုင်းတို့ကို တာဝန်ယူ အကောင်အထည် ဖော်ဆောင်ရွက် မည့် Project Implementation Unit (PIU) ဖွဲ့စည်းမည့်အစီအစဉ် တို့ကိုလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းတို့ကို ဝန်ကြီး ဌာနအဆင့် တာဝန်ယူစီမံခန့်ခွဲ ဆောင်ရွက်မည့် စီမံကိန်းကြီးကြပ် မှုကော်မတီ (Project Executing Agency – PEA) များ ဖွဲ့စည်းမည့် အစီအစဉ်တို့ကို လည်းကောင်း ဆွေးနွေးတင်ပြသည်။
ယင်းနောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက အမှတ်(၂) သံမဏိ စက်ရုံ (ပင်းပက်)အတွက် လိုအပ် သောသံသတ္တုရိုင်း၊ ထုံးကျောက်၊ ဒိုလိုမိုက်တို့ ထုတ်လုပ်သုံးစွဲနိုင်ရေး အတွက် ခွင့်ပြုပေးပြီးဖြစ်ကြောင်း၊ အဆိုပါ စက်မှုကုန်ကြမ်းများ ထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုမရှိစေရေးအတွက် မိုင်းဒီဇိုင်း စနစ်တကျ ရေးဆွဲ ဆောင်ရွက်သွားရန် လိုအပ်ပြီး သွင်းအားစုများကိုလည်း ပြည့်စုံ အောင်ဖြည့်ဆည်းရန် အရေးကြီး ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွက် အရေးကြီး သည့် သံ၊ သံမဏိထုတ်လုပ်ရေး လုပ်ငန်းများ အောင်မြင်စွာဆောင် ရွက်နိုင်ရေးအတွက် အစွမ်းကုန် ပူးပေါင်းဆောင်ရွက် ဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း ပြော ကြားသည်။
ထို့ပြင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) နှင့် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) တို့ရှိ လျှပ်စစ်ဓာတ်အား ခွဲရုံများအား လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ယူရမည် ဆိုပါက ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲ နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်း ပေးစေလိုကြောင်း၊ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စတင် လည်ပတ်မည်ဆိုပါက မတူညီသော အရင်းအမြစ် နှစ်ခုမှ လျှပ်စစ် ဓာတ်အားပို့လွှတ်နိုင်ရေး စီမံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) အနေဖြင့် သံစိမ်းထုတ်လုပ်သည့် နည်းပညာများသည် မြင့်မား သဖြင့် အောင်မြင်အောင်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်ရုံများအတွက် လိုအပ်သည့် သဘာဝဓာတ်ငွေ့များကို အမှန် တကယ်အသုံးပြုနိုင်မည့် ပမာဏ နှင့် နီးစပ်စွာခန့်မှန်း၍ တောင်းခံ စေလိုကြောင်း၊ သို့မှသာ အခြား လိုအပ်သည့် နေရာများသို့ ပိုမိုပို့လွှတ်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ယခု အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သံ၊ သံမဏိ စီမံကိန်းလုပ်ငန်းများသည် စွန့်စား ဆောင်ရွက်ရသည့် လုပ်ငန်းများ များစွာရှိပါကြောင်း၊ သံ၊ သံမဏိ စီမံကိန်းလုပ်ငန်းများ အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အပြည့် အဝပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲ တမ်းအတွင်း၊ ညွှန်ကြားရေးမှူး ချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး တို့က အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)နှင့် အမှတ်(၂) သံမဏိ စက်ရုံ(ပင်းပက်) တို့ အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုး ကူညီဆောင်ရွက်ပေးမည့် အခြေ အနေ၊ ဆောင်ရွက်သင့်သည့် အချက်များ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်ဆောင်ရွက် နိုင်ရေးအတွက် သွင်းအားစုများ အချိန်မီရရှိရေး ဆောင်ရွက်ပေး မည့်အခြေအနေတို့ကို အသေးစိတ် တင်ပြဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက် လာသည့် ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများက သံမဏိ စက်ရုံစီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် လိုအပ်ချက် များ၊ သွင်းအားစုများ အချိန်မီရရှိ ရေးကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးညှိနှိုင်းကြပြီး စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်