
နေပြည်တော် ဧပြီ ၂၇
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် တို့သည် ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိစစ်ဆေးသည်။
ကြိုးပမ်းဆောင်ရွက်
ထိုသို့စစ်ဆေးစဉ် ပြည် ထောင်စုဝန်ကြီးက ကျွမ်းကျင် ပညာရှင်များ၏ စစ်ဆေးတွေ့ရှိ ချက်များအပေါ် ပြုပြင်ဆောင်ရွက် ရန်အတွက် စိစစ်အတည်ပြုရန် လိုအပ်ကြောင်း၊ စိစစ်တွေ့ရှိချက် များအနက် စက်ရုံအစီအစဉ်ဖြင့် ဆောင်ရွက်နိုင်သည် များကို စိစစ်၍ ဆောင်ရွက်နိုင်ရေး စီမံ ရမည်ဖြစ်ကြောင်း၊ စီမံကိန်း လုပ်ငန်းများကို သတ်မှတ်ရေးဆွဲ ထားသည့် အချိန်ဇယားအတိုင်း ပြီးစီးမှုရှိအောင် ကြိုးပမ်းဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံခွဲ အသီးသီးရှိ စက်ပစ္စည်းများ ပြီးပြတ်အောင် တပ်ဆင်နိုင်ခြင်း မရှိသည့် လုပ်ငန်းများကိုလည်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် အမြန်ဆုံးညှိနှိုင်းရန် လိုအပ် ကြောင်း၊ စက်ရုံရှိ တပ်ဆင်ထားရှိ သည့် စက်ပစ္စည်းကိရိယာများ ပျက်စီးမှု မရှိစေရေးအတွက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း များကို စဉ်ဆက်မပြတ် ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်း လုပ်ငန်းများ အချိန်မီပြီးစီးရေး အတွက် ဝန်ထမ်းအားလုံးက တက်တက်ကြွကြွဖြင့် ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားပြီး ပြည်ထောင်စုဝန်ကြီး သည် စက်ရုံခွဲအသီးသီးရှိ စက်ပစ္စည်းကိရိယာများ တပ်ဆင် ထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင် ရွက်ပေးသည်။
နည်းပညာလွှဲပြောင်း လက်ခံရယူ
ဧပြီ ၂၆ ရက် နံနက်ပိုင်း တွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ နည်းပညာမြင့်မားသည့် စက် ပစ္စည်းများကိုအသုံးပြု၍ သံစိမ်း များကို ထုတ်လုပ်မည်ဖြစ်သဖြင့် မိမိတို့၏ အရည်အသွေးများကို တိုးတက်စေရေး စဉ်ဆက်မပြတ် လေ့လာ သင်ယူနေရမည်ဖြစ် ကြောင်း၊ ပြည်ပကျွမ်းကျင်ပညာ ရှင်များထံမှ နည်းပညာလွှဲပြောင်း လက်ခံရယူနိုင်ရေး စီမံဆောင် ရွက်ထားရမည် ဖြစ်ကြောင်း၊ လမ်းတံတား၊ ဆည်မြောင်း၊ တာတမံနှင့် အဆောက်အအုံများ တည်ဆောက်ရာတွင် လည်း ကောင်း၊ စက်မှုလက်မှုလုပ်ငန်း များ ဆောင်ရွက်ရာတွင်လည်း ကောင်း အရည်အသွေးရှိ သံနှင့် သံမဏိများသည် မရှိမဖြစ်လိုအပ် ကြောင်း၊ ထို့ကြောင့် သံနှင့် သံမဏိ ထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်း ဖြစ်သည့် သံစိမ်းများ အောင်မြင် အောင် ထုတ်လုပ်နိုင်ရေး ကြိုးစား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်း၌ လိုအပ်သော သံနှင့် သံမဏိများကို ပြည်ပမှတင်သွင်း နေရ၍ နိုင်ငံခြားငွေ အမြောက် အမြား သုံးစွဲနေရကြောင်း၊ စက်ရုံမှ ထုတ်လုပ်မည့် သံစိမ်းများ၏ အရည်အသွေးစံချိန်စံညွှန်းများကို သတ်မှတ်ချက်အတိုင်း ထုတ်လုပ် ရမည်ဖြစ်ကြောင်း၊ စက်ရုံခွဲ အသီးသီးရှိ နည်းပညာများကို လည်း လက်ဆင့်ကမ်း ဆင့်ပွား ပေးနိုင်ရေး စီမံဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် စက်ရုံခွဲ တာဝန်ခံ များက စက်ရုံခွဲအသီးသီးရှိ ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့် ဆင့်တို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် စက်ရုံအနေဖြင့် စီးပွားရေးလုပ်ငန်း အစီအစဉ် ရေးဆွဲရာတွင် ပါဝင်ရမည့် အချက် များ၊ ဆောင်ရွက်ရန် လုပ်ငန်းစဉ် အသေးစိတ်တို့ကို ရှင်းလင်း ဆွေးနွေး၍ ဝန်ထမ်းများ၏ တင်ပြ မေးမြန်းချက်များကို အသေးစိတ်ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်