သန်လျင်သဘာဝတရားရိပ်သာသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

 

သန်လျင်  နိုဝင်ဘာ   ၁၀


ရန်ကုန်တိုင်းဒေသကြီး  အစိုးရ အဖွဲ့က  သန်လျင်သဘာဝတရား ရိပ်သာသို့   ဆက်ကပ်လှူဒါန်း သော  ဆွမ်းဆန်တော်အိတ်  ၅၀၀ လွှဲပြောင်းဆက်ကပ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် သန်လျင်မြို့ နယ် ဘုရားကုန်းကျေးရွာအုပ်စုရှိ သန်လျင်သဘာဝတရားရိပ်သာ သတိပဌာန်ဓမ္မာရုံ၌ ကျင်းပသည်။

 


အစီအစဉ်အရ အခမ်းအနား ကို  ဘုရားကန်တော့ဖွင့်လှစ်ပြီး ရိပ်သာ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တမသာရထံမှ   ဧည့်ပရိ သတ်များက  သီလခံယူဆောက် တည်ကြသည်။   ဆက်လက်၍ ဆရာတော်ထံ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က   ဆက်ကပ် လှူဒါန်းသော ဆွမ်းဆန်တော်များ အား သန်လျင်ခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးအောင်သိုက် ဝင်းက    ဆက်ကပ်လှူဒါန်းပြီး နောက်    သန်လျင်သဘာဝတရား ရိပ်သာ အထွေထွေအတွင်းရေးမှူး ဦးအောင်ကျော်ဦးက   ဂုဏ်ပြု မှတ်တမ်းလွှာများကို   ခရိုင်နှင့် မြို့နယ်များသို့ ပြန်လည်ပေးအပ် သည်။

 


ယင်းနောက်     သန်လျင် သဘာဝတရားရိပ်သာ        ပဓာန နာယကဆရာတော် ဘဒ္ဒန္တဥတ္တမ သာရထံမှ  အနုမောဒနာရေစက်ချတရားနာယူခဲ့ကြောင်း   သိရ သည်။     

 သန်းဝင်း (သန်လျင်)