သန်လျင်မြို့နယ်တွင် လူငယ်များပေါ်တာဆွဲခံရပြီး စစ်တပ်ထဲတွင်စုဆောင်းခံထားရကြောင်းနှင့် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် မြို့ကြီးတွေမှာ လူအယောက် ၁၀၀ ကျော် ဖမ်းဆီးခံရကြောင်း သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်  ဖေဖော်ဝါရီ ၁၄ 
ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် ငွေသန်းဝင်းရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၂ ရက်က   တပ် မတော်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များ က တစ်အိမ်တစ်ဦး   မဖြစ်မနေ ပေးရမည်ဟုဆိုကာ    အသက် မပြည့်သောကလေးများ    အပါ အဝင် လူငယ်များကို ပေါ်တာဆွဲ ခေါ်ဆောင်သွားပြီး    သန်လျင် ဘုရားကုန်းအနီး စစ်တပ်ထဲတွင် စုဆောင်း   ခံထားရကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ  ရပ်ကွက်များတွင် တစ်ရပ်ကွက်လျှင်    လူငယ်   ၂၀ စီစာရင်းပေးရန်  တပ်မတော်က တောင်းခံလာကြောင်း သတင်းတု၊ သတင်းမှားများကို   တရားမဝင် ပြည်ဖျက်မီဒီယာ   Khit  Thit   က မဟုတ်မမှန်   လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ   သန်လျင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ များအား သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအတွက် ရက် သတ္တ   နှစ်ပတ်ခန့်သင်တန်းပေး ဆောင်ရွက်နေပြီး      အဆိုပါ သင်တန်းတွင်လည်း   အသက် မပြည့်သေးသူများ ပါဝင်ခြင်းမရှိ ကြောင်း  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
အလားတူ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ စစ်ကိုင်း စသည့်မြို့ကြီးတွေ မှာလည်း ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့်နေ့ရက် သတ်မှတ်လိုက်သည့်  နေ့မှစ၍  လေးရက်အတွင်း လူအယောက် ၁၀၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင် များက ဖမ်းဆီးသွားကြောင်းစသည့် ကောလာဟလသတင်းအမှားများ သည်  ပြည်သူများ   ကြောက်ရွံ့ ထိတ်လန့်စေရန်အတွက် ပြည်ဖျက် မီဒီယာအချို့မှ သွေးထိုးလှုံ့ဆော် ဝါဒဖြန့်ဝေနေခြင်းသာ ဖြစ်သည်။
ထိုသို့ ပြည်ဖျက်မီဒီယာအချို့ ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် မိဘပြည်သူများ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့ထိတ်လန့်မှုများ မဖြစ် ပေါ်စေရန်အတွက် ပြည်သူ့စစ်မှု ထမ်းဥပဒေနှင့်ပတ်သက်၍ သိသင့် သိထိုက်သည်များကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  သတင်း ထုတ်ပြန်ရေးအဖွဲ့မှလည်း နိုင်ငံ ပိုင်မီဒီယာများမှတစ်ဆင့် ရှင်းလင်း ပြောကြားလျက်ရှိကြောင်း၊ ပြည်သူ များကို  ဥပဒေမဲ့   ဖမ်းဆီးသည့် လုပ်ရပ်များကို လုံခြုံရေးတပ်ဖွဲ့ဝင် များက  မည်သည့်အခါမှဆောင် ရွက်ခြင်းမရှိကြောင်း သတင်းရရှိ ပါသည်။                  သတင်းစဉ်