
နေပြည်တော် ဩဂုတ် ၁၁
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာ
ဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ် များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါ နေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ် ညောင်သုံးပင်ကျေးရွာ အုပ်စုရှိ ပုဂ္ဂလိကပိုင် မဟာနန်းတော်ဆိတ်မွေးမြူရေးခြံနှင့် တဲပြာနို့စားနွားမွေးမြူရေးခြံတို့ကို သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထောက်ပံ့ပေးအပ်
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဘော့ချောင်း ကျေးရွာ၌ ရန်ကုန်တိုင်းဒေသကြီး ငါးမွေးမြူရေး ဦးစီးဌာနက ပြုလုပ်သည့် ငါးမျိုးစိုက်ထည့်ပွဲသို့ တက်ရောက်၍ ဘော့ချောင်းအတွင်းသို့ ငါးမြစ်ချင်း ကောင်ရေ ခြောက်သိန်း ကျော် ငါးမျိုးစိုက်ထည့်ခြင်း ဆောင်ရွက်ခဲ့ပြီး စစ်ပင်ကွင်းကျေးရွာရှိ နည်းပညာ ပေးရေး စခန်း၌ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနကပြုလုပ်သည့် ဒေသခံတောင်သူ များအား ပင်လယ်ကိုးသွယ်ကုမ္ပဏီက စိုက်ပျိုး စရိတ်ငွေနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ ပေအပ်ပွဲသို့ တက်ရောက် အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်