နေပြည်တော် ဧပြီ ၂၆
အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ဆန်နှင့် ဂျုံအိတ် များကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် အမှုထမ်း ရပ်ကွက်ရှိ ခရိုင်စိုက်ပျိုးရေးဦးစီး ဌာန ဆန်သိုလှောင်ရုံ၌ စနစ် တကျ သိုလှောင်ထားရှိမှုနှင့် ဒေသခံပြည်သူများ၏ လက်ဝယ် အရောက် ပေးအပ်လှူဒါန်းနေမှု များကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုကြပြီး တိုင်းမှူးက လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် သန်လျင်မြို့နယ် သောက်တော် ကွင်းရပ်ကွက်ရှိ ဒေသခံပြည်သူ အိမ်ထောင်စု ၂၁၉ စုအတွက် ဆန်အိတ် ၂၁၉ အိတ်၊ အုတ်ဖိုစု ရပ်ကွက်ရှိ ဒေသခံပြည်သူ အိမ်ထောင်စု ၂၆၅ စုအတွက် ဆန်အိတ် ၂၆၅ အိတ်နှင့် အမှုထမ်း ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူ အိမ်ထောင်စု ၄၇၁ စုအတွက် ဆန်အိတ် ၄၇၁ အိတ်တို့ကို ဒေသခံပြည်သူများ၏ လက်ဝယ် အရောက် ပေးအပ်လှူဒါန်းကြ သည်။
ထို့ပြင် ဒဂုံမြို့သစ် (တောင် ပိုင်း) မြို့နယ်နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်များတွင် လည်း အိန္ဒိယအစိုးရက မြန်မာ နိုင်ငံသို့ လှူဒါန်းသည့် ဆန်နှင့် ဂျုံ များကို ပြည်သူများ၏ လက်ဝယ် အရောက် ပေးအပ်လှူဒါန်းလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်



