နေပြည်တော် ဩဂုတ် ၂၇
ယနေ့နံနက် ၇ နာရီခွဲ တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၄ ဒသမ ၆၁ ပေ(၇၅၀ စင်တီ မီတာ)အထက်သို့ နှစ်ပေခန့် (၅၆ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေ သည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်သည်။
ယနေ့နံနက် ၇ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်း မြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၉ ဒသမ ၆၈ ပေ (၆၀၀ စင်တီမီတာ) အထက်သို့ တစ်ပေခန့် (၂၈ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် တစ်ရက် အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်သည်။
စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၅ ဒသမ ၁၀ ပေ (၁၀၇၀ စင်တီမီတာ) အထက်သို့ တစ်ပေကျော် (၃၇ စင်တီမီတာ) ကျော်လွန်ရောက်ရှိ နေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက် အတွင်း သုံးလက်မခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်သည်။ သို့ဖြစ်ပါ၍ ဘားအံမြို့နယ်၊ တောင်ငူမြို့နယ်နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။ မိုး/ဇလ