
လားရှိုး စက်တင်ဘာ၂၂
ရှမ်းပြည်နယ် ကွမ်းလုံမြို့၌ အသစ်တည်ဆောက် လျက်ရှိသော သံလွင်မြစ်ကူး(ကွမ်းလုံ)တံတားသစ် တည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်နေမှုအခြေ အနေများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဌ ဦးညီနပ် နှင့်တာဝန်ရှိသူများသည် စက်တင်ဘာ ၂၀ ရက်က ကွင်းဆင်းစစ်ဆေးကြည့်ရှုသည်။
အဆိုပါ သံလွင်မြစ်ကူး(ကွမ်းလုံ) တံတားသစ်တည်ဆောက်ရေးလုပ်ငန်းများမှ ယာယီကြိုးတံတား ဆောက်လုပ်နေမှုများနှင့် ကွမ်းလုံဘက်ကမ်း တောင်ဖြတ်မြေလုပ်ငန်းဆောင်ရွက်နေမှုများ၊ သိန္နီ ဘက်ကမ်း တောင်ဖြတ်မြေလုပ်ငန်းဆောင်ရွက် ပြီးစီးမှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာ ဦးမြင့်နိုင် က ပြည်နယ်ဝန်ကြီးချုပ်ကို ရှင်းလင်းတင်ပြသည်။
တံတား၏ ကွမ်းလုံဘက်ကမ်းပိုင်း၌ တောင်ဖြတ် မြေလုပ်ငန်း ၇၀ ရာခိုင်နှုန်း၊ သိန္နီဘက်ကမ်းပိုင်း၌ တောင်ဖြတ်မြေလုပ်ငန်း ၆၀ ရာခိုင်နှုန်းပြီးစီးကာ ယာယီကြိုးတံတားမှာ ၂၅ ရာခိုင်နှုန်း ပြီးစီးနေပြီး အောက်တိုဘာလအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်းနှင့် သံလွင်မြစ်ကူး(ကွမ်းလုံ)တံတားသစ် တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၃ ခုနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယာယီကြိုးတံတား တည်ဆောက်နေမှုများနှင့် တောင်ဖြတ်မြေလုပ်ငန်း များ ဆောင်ရွက်နေမှုကို ကြည့်ရှု၍ လိုအပ်သည် များကို ဖြည့်ဆည်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ ၌ မြန်မာ-တရုတ် နယ်စပ်စည်းရိုး ဆောင်ရွက်နေမှု များကို ကွင်းဆင်းစစ်ဆေးရာ လောက်ကိုင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လတ်က လုပ်ငန်းဆောင် ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ထပ်မံဖွင့်လှစ် မည့် ချင်းရွှေဟော်- မိန်းတိန် နယ်စပ်ဂိတ်ပေါက် အဆိုပြုထားရှိသော နေရာများကို လိုက်လံပြသသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံကာ နိုင်ငံတော် ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းရာတွင် “ပညာရေးကဏ္ဍ အရေး ပါမှု၊ ပန်းခင်းစီမံချက် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ဒေသခံတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ကြပါရန် နှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးရရှိမှုအလိုက် ဒေသခံပြည်သူများအား အလေအလွင့်မရှိ ဆေးထိုးနှံ နိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်း မှာကြားခဲ့ပြီး ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်း အသုံးပြုရန် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေကျပ်သိန်း ၂၀ကို ပေးအပ် လှူဒါန်းသည်။
ခရိုင်(ပြန်/ဆက်)