သန်လျင် သာသနာ့ဗိမာန်၌ ကိုဗစ်- ၁၉ ရောဂါ သံသယလူနာများ အခမဲ့စမ်းသပ်စစ်ဆေးနိုင်

 

ရန်ကုန်   ဇူလိုင်    ၂၈


ရန်ကုန်တောင်ပိုင်းခရိုင်   သန်လျင်မြို့နယ်၌   ကိုဗစ်-၁၉   ရောဂါ ကူးစက်ခံရမှု ရှိ/မရှိနှင့် ဖျားနာ၊ ချောင်းဆိုးနှင့် အနံ့ပျောက်လူနာများကို သန်လျင်မြို့နယ် မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး Test Center ၌ နံနက် ၉ နာရီမှစတင်ကာ မည်သူမဆို (အခမဲ့) စမ်းသပ် စစ်ဆေးနိုင်ကြောင်း သိရသည်။


သန်လျင်မြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ   ကိုဗစ်-၁၉    ရောဂါ အတည်ပြုလူနာများနှင့်   ပိုးတွေ့အတည်ပြုလူနာ      သေဆုံးသူများလည်းရှိနေပြီး      ရောဂါ ပျောက်ကင်း၍      ဆေးရုံမှဆင်းခွင့်ရရှိသူများလည်း      ရှိနေသဖြင့် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ပေးကြရန်နှင့် ရောဂါကာကွယ်ရေးအတွက် အသိပညာပေးခြင်း၊  ဆေးဖျန်းခြင်းနှင့် ကုသရေးလုပ်ငန်းများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင် ကာ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊    လူမှုရေးအသင်းအဖွဲ့များနှင့်     ပရဟိတအဖွဲ့များ ပူးပေါင်းကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)