သန်းခေါင်စာရင်းရည်ညွှန်းချိန်အဖြစ် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံအချိန်ကို သတ်မှတ်ထားပြီး ၂၀၂၄ ခုနှစ်၌ရှိမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ကောက်ယူမည်

 

နေပြည်တော်   ဩဂုတ်   ၂၇


၂၀၂၄  ခုနှစ်    လူဦးရေနှင့်    အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌    ကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက်  ၉ နာရီခွဲက မကွေးတိုင်း ဒေသကြီး မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ မကွေးတိုင်းဒေသကြီး သန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး သန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်း ကော်မတီဝင်များ၊    လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခြေခံတွက်ချက်ကောက်ယူမည်
ဦးစွာ  ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက  ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက် မှ ၁၅ ရက်အထိ   တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ရာ ယခုဆိုလျှင် အချိန်ကာလ တစ်လခန့်သာ   လိုတော့ပါကြောင်း၊ သန်းခေါင်စာရင်းရည်ညွှန်းချိန်အဖြစ် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်   ညသန်းခေါင်ယံအချိန်ကို သတ်မှတ်ထားပြီး ၂၀၂၄ ခုနှစ်၌ရှိမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု ၁၃ သန်းခန့် ကို အခြေခံတွက်ချက်ကောက်ယူမည် ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းကောက်ကွက် ပေါင်း  တစ်သိန်း  တစ်သောင်းခန့်ကို  စာရင်းစစ်၊ စာရင်းကောက်   လေးသောင်း   နှစ်ထောင်ခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန် လျာထားပါကြောင်း။
မကွေးတိုင်းဒေသကြီးအနေဖြင့် ကောက်ကွက် ပေါင်း ၉၀၀၀ ကျော်ကို စာရင်းစစ်၊  စာရင်းကောက် ၂၀၀၀ ကျော်ဖြင့် ကောက်ယူရန်လျာထားပြီး လုံခြုံ ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်မှုအခက်အခဲ များကြောင့် သတ်မှတ်ရက်အတွင်း  ကောက်ယူရန် ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့်ကောက်ယူနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန်  လိုကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အိမ်ထောင်စု မေးခွန်းပုံစံအတွက်  မေးခွန်း ၆၈ ခု၊   အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုကို Mobile Tablet များအသုံးပြုကာ တစ်အိမ်တက်ဆင်း ကောက်ယူမည် ဖြစ်သည့်အတွက်  ပြည်သူများအနေဖြင့် မေးခွန်းများ ကို မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပူးပေါင်းကူညီ နိုင်ရေး   ပြည်သူလူထုအသိပညာပေးလုပ်ငန်းများ ကိုလည်း ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားကြရမည်ဖြစ်ပါကြောင်း၊ စီမံချက်ပါ လုပ်ငန်းများကို သတ်မှတ်ကာလအတိုင်း ပြီးမြောက် အောင်မြင်ရေးအတွက်    ကော်မတီအဆင့်ဆင့်က ကြိုတင်စီမံကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် က  မကွေးတိုင်းဒေသကြီးအတွင်း    ၂၀၂၄   ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူရေးအတွက်     လက်ရှိ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်    ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန  ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိသည့်အချက် အလက်များကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တွင် ထိထိရောက်ရောက် အသုံးပြုဆောင်ရွက်နိုင်မှု အခြေအနေများကို   ရှင်းလင်းဆွေးနွေးတင်ပြပြီး သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်   ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသမည့် ပြည်သူလူထုအသိပညာပေး TV Spot များကို ပြသ သည်။
ယင်းနောက်    တက်ရောက်လာကြသူများက သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ထို့နောက်    ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီးက   သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ  အထောက်အကူပြုပစ္စည်း များကို လွှဲပြောင်းပေးအပ်ရာ မကွေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမောင်မောင် ဆန်းက လက်ခံရယူပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်း ဒေသကြီးဝန်ကြီးချုပ်တို့သည်    ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင်     အသုံးပြုမည့်ပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးသည်။(ဝဲပုံ)
မွန်းလွဲပိုင်းတွင်    ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်၍ အဆိုပါရုံးခန်းမ၌   ဖွင့်လှစ်လျက်ရှိသည့်   သန်းခေါင် စာရင်းဆိုင်ရာ မကွေးတိုင်းဒေသကြီး၊  တိုင်းအဆင့် နည်းပြသင်တန်း   ဆွေးနွေးပို့ချနေမှုကို   ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တိုင်း ဦးစီးမှူးရုံးခန်းမ၌ ဝန်ထမ်းများက မြို့နယ်အလိုက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးထားရှိမှုများကို ရုံးချုပ်ရှိ e-ID Sever  မှ  အချက်အလက်များနှင့်   တိုက်ဆိုင်စိစစ် ဆောင်ရွက်နေမှုကို   ကြည့်ရှုစစ်ဆေးကာ   လိုအပ် သည်များ မှာကြားသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့ ကန်သာလမ်းရှိ ဈေးရှေ့၌ စိုက်ထူထားသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ပြည်သူလူထုအသိပေး Bill  Board  များ   စိုက်ထူထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုပြီးနောက် မကွေးမြို့တွင်း လူစည် ကားရာလမ်းဆုံလမ်းခွနေရာများတွင် Bill Board များ စိုက်ထူထားရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှုပြီး    လိုအပ်သည်များ    မှာကြားညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

သတင်းစဉ်