သင်ယူရာတွင် အခက်အခဲမရှိစေရေးနှင့် သင်ကြားမှုများ ထိရောက်စေရေး

 

တက္ကသိုလ်များသည်  အသိပညာနှင့်အတတ်ပညာများကို  တွေးတောကြံစည်နိုင်အောင်နှင့်   လေ့လာသင်ကြားပေးသည့်  ကျောင်းများ ဖြစ်ကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ကျောင်းများသည်  အဆင့်တစ်ခုရှိရန်လိုကြောင်း၊  တက္ကသိုလ်များ၏  ဥပဓိရုပ်နှင့် ကျောင်းများ၏ မြင်ကွင်းများကောင်းရန်၊  လူသွားလမ်းများကောင်းရန်နှင့်  သာယာလှပသည့်  ပတ်ဝန်းကျင်ကောင်းများဖြစ်စေရေး ဖန်တီးပေးရန် လိုကြောင်း၊ အလားတူ  အဆောက်အဦများနှင့်  ကျောင်းပရိဝုဏ်များကောင်းမွန်စေရေး ကြိုတင်စဉ်းစားဆောင်ရွက်၍  တည်ဆောက် ရန်လိုကြောင်း၊ ကျောင်းသားများ  သင်ယူရာတွင်  အခက်အခဲ မရှိစေရေးနှင့်  သင်ကြားမှုများ ထိရောက်စေရေးအတွက် စာသင်ခန်း များနှင့် လက်တွေ့ခန်းများ  စနစ်တကျရှိရန်လိုကြောင်း၊  သင်ကြားပေးသည့်  ဆရာ၊ ဆရာမများ၏ သင်ကြားမှု အတတ်ပညာသည်လည်း အရေးကြီးသဖြင့်  မိမိတို့ကိုယ်တိုင်  စာပေပညာတတ်ကျွမ်းရုံတင်မက ကျောင်းသား၊ ကျောင်းသူများ နားလည်စေရေး သင်ကြားပေး နိုင်ရန် လိုကြောင်း။

 


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၇-၁-၂၀၂၂ ရက်နေ့တွင် အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)