သင်တန်းကသင်ကြားပေးလိုက်သည့် အသိပညာများကို ပိုးသတ်ဆေးကိုင်တွယ်သုံးစွဲသူများ၊ တောင်သူများအား ဖြန့်ဝေပေးစေလို

ပျဉ်းမနား    ဇွန်    ၈
ပြည်ထောင်စုနယ်မြေ နေပြည်တော် စိုက်ပျိုးရေး ဦးစီးဌာန   သီးနှံကာကွယ်ရေးဌာနခွဲ  (ရုံးချုပ်)   မှ ပူးပေါင်းကျင်းပသည့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲ သူများသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်း အနားကို     ယနေ့နံနက်ပိုင်းက      စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား)     အစည်းအဝေးခန်းမ၌     ကျင်းပရာ  နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ စိုက်ပျိုးရေး ဦးစီးဌာန    ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ ထွန်းရွှေ၊ သီးနှံကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်း၊     နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး  ဦးဝင်းထိန်နှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။  
ရှေးဦးစွာ      နေပြည်တော်ကောင်စီ    အဖွဲ့ဝင် ဦးမြင့်စိုးက  ယခုသင်တန်းက သင်ကြားပေးလိုက်သည့်  အသိပညာများကို   မိမိတို့ပတ်ဝန်းကျင်ရှိ   ပိုးသတ် ဆေး    ကိုင်တွယ်သုံးစွဲသူများ၊     တောင်သူများကို ပြန်လည် ဖြန့်ဝေပေးစေလိုကြောင်းနှင့် ပြည်ထောင်စု နယ်မြေ    နေပြည်တော်အတွင်းရှိ     ပိုးသတ်ဆေး လက်လီ/ လက်ကား ရောင်းချသည့် ဆိုင်များမှလည်း စစ်မှန်ပြီး အရည်အသွေးပြည့်ဝသည့် ပိုးသတ်ဆေး များကိုသာ ရောင်းချပေးရန်နှင့် သုံးစွဲစေရန် ကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက်     စိုက်ပျိုးရေးဦးစီးဌာန      ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းရွှေက နိုင်ငံ တော်အနေနှင့် ဓာတုပစ္စည်းများ စနစ်တကျကိုင်တွယ် သုံးစွဲနိုင်ရေး၊  အရည်အသွေး  ပြည့်ဝသော  ပစ္စည်း များအား   တောင်သူများ   မှန်ကန်စွာသုံးစွဲနိုင်ရေး နှင့်  စိုက်ပျိုးထုတ်လုပ်မှုကို အထောက်အကူပြုစေရန် အတွက် ပိုးသတ်ဆေးဥပဒေ၊ မြေဩဇာဥပဒေ၊ မျိုးစေ့ ဥပဒေ    အစရှိသည်ဖြင့်    ပြဋ္ဌာန်းဆောင်ရွက်လျက် ရှိသည်။ အဆိုပါ  ဥပဒေများနှင့်အညီ လိုက်နာမှု ရှိ/  မရှိ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိကြောင်းနှင့် သုံးစွဲသူတောင်သူများကိုလည်း ထပ်ဆင့်မျှဝေသွား ခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးတွင် အထောက် အကူပြု     ပါဝင်ဆောင်ရွက်ပေးကြစေ   လိုကြောင်း ပြောကြားသည်။
အဆိုပါ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ် ရေးဌာနခွဲ    (ရုံးချုပ်)    မှ     ပူးပေါင်းကျင်းပသည့် လက်မှတ်ရ    ပိုးသတ်ဆေးသုံးစွဲသူများ   သင်တန်း အမှတ်စဉ်  (၁/၂၀၂၃)  ကို  ဇွန်  ၈  ရက်မှ  ၁၀  ရက်  အထိ   ဖွင့်လှစ်သင်ကြား   ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၁၃၇ ဦး တက်ရောက် လျက်ရှိကြောင်း သိရသည်။   မျိုးသီဟ(ပြန်/ဆက်)