
- အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပအလုပ်အကိုင် အလုပ် သမားသက်သေခံကတ် (OWIC) ပြုလုပ်ခွင့် လျှောက်ထားမှုများကို စိစစ်၍ အထောက်အထားပြည့်စုံသူများကို ရုံးဖွင့်ရက်များတွင် OWIC ပြုလုပ်ခွင့်ပေးလျက်ရှိပါသည်။
- ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့်သူများ လုပ်ငန်းခွင် သို့ အချိန်မီဝင်ရောက်နိုင်ရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံ ကတ်ထုတ်ပေးရေးဌာန(မြောက်ဒဂုံ)တွင် သင်္ကြန်ရုံးပိတ်ရက်များ ဖြစ်သော ၂၀၂၂ ခုနှစ်၊ ဧပြီလ ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်နေ့များတွင်ပါ OWIC ထုတ်ပေးရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ပေး မည်ဖြစ်ပါသည်။
အလုပ်သမားဝန်ကြီးဌာန