သင်္ကြန်ကာလရုံးပိတ်ရက်တွင် ငပလီကမ်းခြေသို့ ခရီးသွားအများဆုံးဝင်ရောက်ခဲ့ပြီး လေကြောင်းလိုင်းများ သံတွဲလေဆိပ်သို့ ခေါက်ရေ ၁၀၅ ခေါက်အထိ ပြေးဆွဲခဲ့ရ

 

ရန်ကုန်      ဧပြီ    ၂၁


မြန်မာ့နှစ်သစ်ကူး      သင်္ကြန်ကာလ ရုံးပိတ်ရက် ၁၀ ရက်တွင် အများ ပြည်သူ  အပန်းဖြေအနားယူရာ  ငပလီကမ်းခြေသို့    ပြည်တွင်း၊  ပြည်ပ   ခရီးသွား   အများဆုံး ဝင်ရောက်ခဲ့ရာ အဆိုပါ အပန်းဖြေ ကာလအတွင်း လေကြောင်းလိုင်း များမှ   သံတွဲလေဆိပ်သို့  ခေါက် ရေ   ၁၀၅  ခေါက်ပြေးဆွဲခဲ့ရပြီး  ယမန်နှစ်ကထက်  ခရီးသွားပိုမို ဝင်ရောက်ခဲ့ကြောင်း   ရခိုင်ပြည် နယ်    ဟိုတယ်နှင့်    ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 


ငပလီကမ်းခြေတွင် အပန်းဖြေ  ကြမည့်         ပြည်တွင်းခရီးသွား ၅၁၉၀၊ နိုင်ငံခြားခရီးသွား ၁၇၂ ဦး  တို့ သံတွဲလေဆိပ်သို့  ဝင်ရောက်  ခဲ့ပြီး    ဟိုတယ်   ၆၅   လုံးတွင်  ၅၈ လုံး  ဖွင့်လှစ်ခဲ့၍  ပြည်တွင်း ဧည့်သည် ၂၈၀၀၂ ဦး၊ နိုင်ငံခြား သားဧည့်သည် ၈၀၃ ဦး တည်းခို  ခဲ့သည်။ သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်အတွင်း    အခြားသော    ခရီး သွား  လမ်းကြောင်းများဖြစ်သည့်   ရေလမ်းကြောင်းနှင့်     ကုန်းလမ်း ကြောင်းတို့မှ အပန်းဖြေခရီးသွား များ ဝင်ရောက်ခဲ့ရာ ငပလီအပန်း ဖြေကမ်းခြေ၌ ခရီးသွား တစ်သိန်း ခွဲခန့် ဝင်ရောက်ခဲ့ပြီး   ဟိုတယ်၊ မိုတယ်၊   တည်းခိုခန်း၊   ဘိုတဲ၊ အဆောင်၊ နေအိမ်နှင့် ဘုန်းတော် ကြီးကျောင်းတို့၌ ခရီးသွားတို့ဖြင့် စည်ကားခဲ့သည်။  

 


 “ ဒီနှစ်သင်္ကြန်ကာလပိတ်ရက် ၁၀ ရက်မှာ မနှစ်ကထက် ငပလီ ကမ်းခြေကို   ဧည့်သည်   ပိုပြီး ဝင်ရောက်ခဲ့ပါတယ်။ ဧည့်သည် တွေအတွက် လုံခြုံရေး၊ ကျန်းမာ ရေးနဲ့     အရေးပေါ်    အသက် ကယ်ဆယ်ရေး ကိစ္စရပ်အားလုံးကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနဲ့ ပူးပေါင်း     ဆောင်ရွက်မှုကြောင့် ဘေးအန္တရာယ်       ကင်းကင်းနဲ့  ရုံးပိတ်ရက်ကာလ   ပြီးဆုံးခဲ့တဲ့ အတွက်    ဝမ်းသာပီတိဖြစ်ရပါ တယ်။    နောင်နှစ်တွေမှာလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဧည့်သည်တွေ အခုထက်ပိုပြီး  လာရောက်စေလို ပါတယ်။  ခရီးသွားဝင်ရောက်မှု  များလေ ဟိုတယ်တွေမှာ တည်းခို ကြတဲ့     အခွန်အခတွေလည်း နိုင်ငံတော်အတွက်    ရရှိစေတဲ့ အပြင် ခရီးသွားကဏ္ဍ  ပွင့်လန်းမှု ဟာ   ဒေသခံတွေအတွက်လည်း လူမှုစီးပွားအခွင့်အလမ်း ပွင့်လန်း လာတဲ့အတွက်      ဒီနှစ်သင်္ကြန် ခရီးသွားဝင်ရောက်မှုဟာ  အားရ ကျေနပ်စရာ   ကောင်းပါတယ်” ဟု   ရခိုင်ပြည်နယ်    ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွဋ်အောင်  က ပြောသည်။

 


ငပလီကမ်းခြေသို့   ယမန်နှစ် သင်္ကြန်ကာလ၌ ခရီးသွားတစ်သိန်း  ခန့်   ဝင်ရောက်ခဲ့ပြီး ယခုနှစ်၌ ပြည်တွင်း၊    ပြည်ပ   ခရီးသွား တစ်သိန်းခွဲခန့်   ဝင်ရောက်ခဲ့ရာ လေကြောင်းလိုင်းများ၊  ခရီးသွား ပို့ဆောင်ရေးကဏ္ဍ၊   ဟိုတယ်/ တည်းခိုခန်းများနှင့်     ဒေသခံတို့  အလုပ်အကိုင်    အခွင့်အလမ်း များစွာ ပွင့်လန်းခဲ့သည်။

 


ထို့နည်းတူ    ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့   သင်္ကြန်ကာလ ရုံးပိတ်ရက် ၁၀ ရက်တွင် ပြည်တွင်း  ခရီးသွားများနှင့်    နိုင်ငံခြားသား ခရီးသွားများ       ဝင်ရောက်ခဲ့ပြီး  သျှစ်သောင်းဘုရားပွဲ၊ ထုက္ကန့်သိမ်  ဘုရားပွဲနှင့် အံတော်သိမ်ဘုရားပွဲ တို့ကို   မေ ၂ ရက်မှ ၆  ရက်အထိ ကျင်းပရန်ရှိ၍   ကျောက်တော် တောင်ဘုရားပွဲနှင့် ကျောက်တော် ရေပေါ်သင်္ကြန်ကို ဧပြီ  ၂၆ ရက်မှ ၃၀ ရက်အထိ ငါးရက်တိုင် ကျင်းပ  မည်ဖြစ်ကြောင်း သိရသည်။

 


ကိုဗစ်-၁၉     ကပ်ရောဂါ  လျော့ကျမှုနှင့်အတူ  ခရီးလမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်ပါ က   မြန်မာ့ခရီးသွားကဏ္ဍ   ပိုမို ပွင့်လန်းခြင်းဖြင့် စီးပွားရေးအခွင့် အလမ်း များစွာပွင့်လန်းမှုမှ ဒေသ ဖွံ့ဖြိုးဝင်ငွေတိုးစေမည့်    အကျိုး ကျေးဇူးကို ရရှိစေမည်ဖြစ်သည်။ ယခုနှစ်     မြန်မာ့နှစ်ကူးသင်္ကြန် ကာလရုံးပိတ်ရက်တွင်    ငပလီ ကမ်းခြေသို့    ခရီးသွားဧည့်သည် အများဆုံးဝင်ရောက်ခဲ့ပြီး    လေ ကြောင်းလိုင်းများမှ    ခေါက်ရေ ၁၀၅ ခေါက်အထိ ပြေးဆွဲခဲ့ကာ   ဧပြီ ၁၃ ရက်နေ့ တစ်ရက်တည်းတွင်  ခေါက်ရေ ၁၇ ခေါက်အထိ ပြေးဆွဲ ကြောင်း သိရသည်။      


ညိမ်းသူ(သတင်းစဉ်)  
ဓာတ်ပုံ - ကနူး