သင်္ကြန်စစ်တမ်း

 

j    နှစ်ဟောင်းလွန်မြောက်၊ နှစ်သစ်ရောက်သော်
    ပိတောက်ရွှေဝါ၊ အလှဖြာ၍ 
    သီတာရေဖွေး၊ ကြည်မြအေးလိမ့်
    စိတ်တွေးနှစ်လို၊ သင်္ကြန်ကြိုခဲ့။
j    ဌာနမဏ္ဍပ်၊ တပ်မဏ္ဍပ်မှာ
    ရိုးရာငွေ့သက်၊ သင်းထုံလျက်တည့်
    တစ်ခက်ဆွတ်ဖျန်း၊ ပိတောက်ပန်းနှင့်
    အေးချမ်းပါလှ၊ ယိမ်းအကနှင့်
    နားဝချိုအေး၊ သင်္ကြန်တေးနှင့်
    ယဉ်ကျေးပျူငှာ၊ စိတ်ချမ်းသာလည်း...။
j    အများစုမှာ၊ တွေ့ခဲ့ပါသည်
    ကုမ္ပဏီတံဆိပ်၊ ထရိတ်အမှတ်အသား
    ရေးချိတ်ထားကြ၊ စီးပွားကွက်မျှော်
    စင်မြင့်ပေါ်မှာ “ကြော်ငြာသင်္ကြန်”...။
j    စတိတ်ရှိုးနှင့်၊ ယိုးမှားနိုင်လောက်
    အနောက်တိုင်းတေး၊ ဟစ်အော်ကြွေးသည့်
    သွေးဆူဟော့ရှော့၊ “ဟစ်ပေါ့ သင်္ကြန်”...။
j    ဓာတ်လိုက်လူးလွန့်၊ လိမ်ကောက်တွန့်လျက်
    သွေးပျက်ဖွယ်နန့်၊ “ဘရိတ်ဒန့် သင်္ကြန်”...။
j    ယိမ်းတော့ယိမ်းပင်၊
    ယိမ်းပင်ဆိုငြား၊ ခုန်လှုပ်ရှား၍ 
    စည်းဝါးတစ်မျိုး၊ ခြေလက်ချိုးသည့်
    “အေရိုးဗစ်သင်္ကြန်”...။
j    ဆံပင်ဖားလျား၊ ဪ- ယောကျ်ားတဲ့
    အနားဖွာလန်၊ နားနသန်နှင့် 
    အဆီပြန်ပေညစ်၊ ဘီယာယစ်သည့် 
    “ဟစ်ပီသင်္ကြန်”...။
j    မောင်နှင့်နှမ
    အမိနှင့်သား၊ ကြားလို့မလျော်
    ပြောင်ချော်နှုတ်ကြမ်း၊ လက်သရမ်း၍ 
    ညစ်ညမ်းကျင့်ယုတ်၊ ခွက်စောင်းခုတ်သော 
    “ဖရုဿဝါစာသင်္ကြန်”...။
j    မထိမ်ချန်တမ်း၊ ဝေဖန်မျှော်တွေး
    အို- ရင်လေးဖွယ်၊ ယဉ်ကျေးမှုစစ်မျက်နှာ
    ခံစစ်ဟာ 
    သေချာလုံမှလုံရဲ့လား။
j    လေလှိုင်းထဲမှာ၊ စာထဲမှာရှိ
    ရိုးရာဓလေ့၊ ဘယ်သူမွေ့လဲ
    မေ့လျော့ချေငြား၊ ကာလလျားသော်
    ကြားလို့ယုံရ၊ ပုံဆိုကြလိမ့်
    မြန်မာ့သင်္ကြန်၊ စည်းပျက်ဟန်ကို 
    မူမှန်ထင်လတ်၊ နှောင်းလူမှတ်က
    မျိုးဆက်မွေနှစ်၊ မထိန်းရစ်ဟု
    အပြစ်တို့ဝယ်၊ ရှိချိမ့်မည်။
j    ဪ- တစ်နှစ်လည်ပြန်၊ တာသင်္ကြန်လျှင်
    တစ်ဖန်ရောက်လုချေပြီကော။       ။    
 

ကို(တက္ကသိုလ်)