သင်္ကြန်အတက်နေ့တွင် နေပြည်တော်လမ်းလျှောက်သင်္ကြန်၌ အတာရေသဘင်ပွဲတော်နွှဲပျော်ကြသူများဖြင့် အထူးစည်ကား

 

နေပြည်တော်    ဧပြီ    ၁၆
၂၀၂၃   ခုနှစ်   မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလအတွင်း   ပြည်ထောင်စုနယ်မြေ  နေပြည်တော်ရှိ   ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများ ချစ်ကြည်ရင်းနှီးစွာဖြင့် ပျော်ရွှင်မှုရရှိစေရန်နှင့်  သင်္ကြန် ကာလကို  ပိုမိုပျော်ရွှင်စွာ ဆင်နွှဲနိုင်စေရန်ရည်ရွယ်၍ နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ  နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံအထိ  ဇုန်လေးဇုန် သတ်မှတ်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ယနေ့သည် မဟာသင်္ကြန် အတက်နေ့ဖြစ်သည် နှင့်အညီ  အဆိုပါ  လမ်းလျှောက်သင်္ကြန်အတွင်းရှိ သနပ်ခါးသင်္ကြန်ဇုန်၊      တိုင်းရင်းသားသင်္ကြန်ဇုန်၊  မြန်မာမှုမပျောက်ပျက်စေရန်နှင့် နိုင်ငံတကာအဆင့်မီ အလှပြဖျော်ဖြေရေး အစီအစဉ်များဇုန်နှင့် လူငယ်နှင့်  ကလေးငယ်များအတွက်  လူငယ်ဂိမ်းသင်္ကြန်   အစီ  အစဉ်ဇုန်များတွင်  သင်္ကြန်ကို  ချစ်မြတ်နိုးကြသည့်  ပြည်သူများနှင့်အတူ ကလေးငယ်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသဖြင့် အထူးစည်ကားခဲ့သည်။ 
“ဒီနေ့မှာတော့            သူငယ်ချင်းတွေနဲ့အတူ ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မြန်မာ နှစ်သစ် တစ်နှစ်ကို ကူးပြောင်းရောက်ရှိတော့မယ့်  မကြာမီအချိန်မှာ   နှစ်ဟောင်းက   အညစ်အကြေး တွေကို အတာရေနဲ့ဆေးကြောဖို့ လာရောက်ပါဝင် ဆင်နွှဲတာပါ။ ကျွန်တော်က လူငယ်တစ်ဦးဖြစ်တဲ့ အတွက်       လမ်းလျှောက်သင်္ကြန်အတွင်းမှာရှိတဲ့ ဇုန်လေးဇုန်ထဲကမှ ဖျော်ဖြေရေးဇုန်နဲ့ လူငယ်တွေ အတွက် ပြုလုပ်ထားတဲ့ လူငယ်ဂိမ်းသင်္ကြန်ဇုန်ကို   အကြိုက်ဆုံးပါ။  ခေတ်လေးခေတ် သင်္ကြန်ပွဲဆင်နွှဲ ခဲ့မှုတွေကို အလှပြယာဉ်တွေနဲ့ သရုပ်ဖော်ပြသတဲ့ အစီအစဉ်က  ကျွန်တော်တို့   လူငယ်တွေအတွက် မြန်မာ့ရိုးရာအတာသင်္ကြန်ရဲ့   သမိုင်းကြောင်းကို မျက်မြင်ကိုယ်တွေ့ လေ့လာခွင့်ရရှိနိုင်သလို အသိ  အမြင် ဗဟုသုတတွေလည်း  ရစေပါတယ်။ တစ်နေ့ လုံး   လမ်းလျှောက်သင်္ကြန်အတွင်းမှာ  လွတ်လွတ် လပ်လပ်  ပါဝင်ဆင်နွှဲမှာပါ”  ဟု  ဇမ္ဗူသီရိမြို့နယ်မှ  လာရောက်လည်ပတ်သူ  မောင်ကောင်းထက်ဇော် က ပြောသည်။
“အစားအသောက်အတွက်ကတော့ စတုဒိသာ  မဏ္ဍပ်တွေက ကျွေးမွေးလှူဒါန်းသလို  စားသောက် ဆိုင်ခန်းတွေလည်းရှိတော့ ပိုပြီးအဆင်ပြေပါတယ်။ နေ့လယ်ပိုင်း ဖျော်ဖြေရေးအစီအစဉ်တွေ ခဏနားတဲ့ အချိန်မှာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကနေ အမှိုက်တွေကို  လိုက်လံရှင်းလင်းနေတာကို လည်း   တွေ့ရပါတယ်။   နောက်နှစ်တွေမှာလည်း အခုလို   နေပြည်တော်   လမ်းလျှောက်သင်္ကြန်ကို ကျင်းပပေးစေချင်ပါတယ်။ နှစ်ဆန်း တစ်ရက်နေ့ မနက်ပိုင်းမှာ  ရပ်ကွက်ထဲကဘုရားကို သူငယ်ချင်း တွေနဲ့     စုပေါင်းရေသပ္ပါယ်ပြီး      ညနေမှာတော့ ရပ်ကွက်ထဲက  အဘိုး၊  အဘွားတွေကို  သက်ကြီး ပူဇော်ပွဲ  ပြုလုပ်သွားမှာပါ”  ဟု  ၎င်းကဆက်လက် ပြောသည်။
လမ်းလျှောက်သင်္ကြန်ရှိ သနပ်ခါးသင်္ကြန်ဇုန်တွင် မြန်မာ့ရိုးရာသနပ်ခါးကို တိုင်းရင်းသားလူမျိုးပေါင်းစုံ နှစ်ခြိုက်စွာ လိမ်းခြယ်၍ တစ်ဦးနှင့်တစ်ဦး ပျော်ရွှင် စွာ နောက်ပြောင်နေကြသည့် ချစ်စရာဓလေ့ တစ်ခု ကိုလည်း တွေ့ရသည်။
အလားတူ တိုင်းရင်းသားသင်္ကြန်ဇုန်ရှိ ဖျော်ဖြေ ရေး အစီအစဉ်များတွင်  ပြည်သူများ  ပါဝင်ဆင်နွှဲ နိုင်သည့်အပြင် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့်အတူ ရေပက်ကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။
ထို့အတူ လမ်းလျှောက်သင်္ကြန်အတွင်းရှိ မဏ္ဍပ် များတွင် နိုင်ငံကျော်အနုပညာရှင်များ၊ တေးသံရှင် များက    DJ,   Music   Band   များနှင့်   တွဲဖက်၍ ပရိသတ်အကြိုက်    တေးသီချင်းများကို    သီဆို ဖျော်ဖြေကြသည့်အပြင် ဝန်ကြီးဌာနများမှ သင်္ကြန် ယိမ်းအဖွဲ့များကလည်း သင်္ကြန်တေးသီချင်းများဖြင့် ညီညီညာညာ ယိမ်းနွဲ့ကပြဖျော်ဖြေပေးကြပြီး မဏ္ဍပ်  များက ပက်ဖျန်းလိုက်သည့် အတာရေအကြားတွင်  ပြည်သူများက သီချင်းသံစဉ် စည်းချက်များနှင့်အညီ  လိုက်ပါယိမ်းနွဲ့၍ ကခုန်ပျော်ရွှင်စွာ တစ်ခဲနက်ပါဝင် ဆင်နွှဲကြသည့် မြင်ကွင်းကိုလည်း တွေ့ရသည်။ 
ထို့ပြင်    လူငယ်များနှင့်    ကလေးများအတွက် အဓိကထားသည့် ဇုန်တွင် Colour Party, Foam Party ၊ ဂိမ်းအစီအစဉ်များ၊ လူကြီးများ၊ ကလေးများ ပါဝင်ဆော့ကစားနိုင်သည့်      ရေလွှာလျှောစီးနှင့် ကလေးငယ်များအတွက် ပျော့အိကစားကွင်းများတွင် လည်း ပြည်သူများ ပျော်ရွှင်အေးချမ်းစွာ ပါဝင်ဆင်နွှဲ ခဲ့ကြသည်။
လမ်းလျှောက်သင်္ကြန်အတွင်းသို့     လာရောက် လည်ပတ်ကြသူများ အစားအသောက် အခက်အခဲ မရှိစေရန်   သန့်ရှင်းလတ်ဆတ်သည့်   အစားအစာ များကို   သက်သာသောဈေးနှုန်းဖြင့်   ရောင်းချပေး လျက်ရှိသည့် ဆိုင်ခန်းများတွင် လာရောက်လည်ပတ် ကြသူများ စိတ်ကြိုက်ဝယ်ယူစားသောက်နိုင်သည့် အပြင်   စတုဒိသာမဏ္ဍပ်များက   ကျွေးမွေးသည့် စုံလင်လှသော မြန်မာ့ရိုးရာ အစားအစာများကိုလည်း အားပါးတရ နှစ်ခြိုက်စွာ သုံးဆောင်နေကြသည့် မြန်မာတို့၏   ချစ်စရာဓလေ့ကို   စိတ်ကြည်နူးစွာ မြင်တွေ့ရသည်မှာလည်း        စိတ်ချမ်းမြေ့ဖွယ်ရာ ကောင်းလှသည်။
နေပြည်တော်   လမ်းလျှောက်သင်္ကြန်အတွင်း  ပြည်သူများ   ရေကစားနေစဉ်   ကျန်းမာရေးကိစ္စ တစ်စုံတစ်ရာ    ဖြစ်ပေါ်လာပါက   အရေးပေါ်ကုသ စောင့်ရှောက်ပေးနိုင်ရန်    ကျန်းမာရေးဝန်ကြီးဌာန  ကုသရေးဦးစီးဌာနမှ       ဆေးခန်းများကိုလည်း  ဖွင့်လှစ်ထားသည်ကိုလည်း တွေ့ရသည်။
လမ်းလျှောက်သင်္ကြန်တွင် ထူးခြားဆန်းသစ် သည့်   အစီအစဉ်တစ်ခုအဖြစ်   ခေတ်လေးခေတ်  သင်္ကြန်ပွဲ   ဆင်နွှဲခဲ့မှုများကို  အလှပြယာဉ်များဖြင့်  သရုပ်ဖော်ပြသမှုသည် မြန်မာ့ရိုးရာအတာသင်္ကြန်၏ သမိုင်းကြောင်းကို လေ့လာမြင်တွေ့ခွင့် ရရှိခဲ့သလို  အသိမြင်ဗဟုသုတများစွာလည်း   တိုးပွားစေသည့် မြင်ကွင်းကိုလည်း တွေ့ရသည်။
နေပြည်တော်     လမ်းလျှောက်သင်္ကြန်အတွင်း ပြည်သူများ   အေးချမ်းပျော်ရွှင်    ဘေးအန္တရာယ် ကင်းရှင်းစွာ  ရေကစားနိုင်ကြစေရန်   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က    ပြည်သူများ၏     လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး     ယာဉ်ထိန်း ရဲတပ်ဖွဲ့များကလည်း ယာဉ်ကြောပိတ်ဆို့မှု မရှိစေ ရေးအတွက် ယာဉ်ကြောရှင်းလင်းခြင်းလုပ်ငန်းများ  ဆောင်ရွက်ပေးလျက်ရှိသည်။ 


လုလင်ငယ် 
ဓာတ်ပုံ-ကိုကြီးထိန်