
နေပြည်တော် ဧပြီ ၁၃
၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများ ချစ်ကြည်ရင်းနှီးစွာဖြင့် ပျော်ရွှင်မှုရရှိစေရန်နှင့် သင်္ကြန် ကာလကို ပိုမိုပျော်ရွှင်စွာ ဆင်နွှဲနိုင်စေရန် ရည်ရွယ်၍ ယခုနှစ်တွင် နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပပေးလျက်ရှိသည်။
အဆိုပါ လမ်းလျှောက်သင်္ကြန် ကို ပျဉ်းမနား-တောင်ညိုလမ်းပေါ် ရှိ နေပြည်တော်မြို့တော်ဝန် မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ် သာ လမ်းဆုံအထိ ဇုန်လေးဇုန် သတ်မှတ်ပြီး သနပ်ခါးသင်္ကြန်ဇုန်၊ တိုင်းရင်းသားသင်္ကြန်ဇုန်၊ မြန်မာ မှုမပျောက်ပျက်စေရန်နှင့် နိုင်ငံ တကာအဆင့်မီ အလှပြဖျော်ဖြေ ရေးအစီအစဉ်များဇုန်နှင့် လူငယ် နှင့် ကလေးငယ်များအတွက် လူငယ်ဂိမ်းသင်္ကြန်အစီအစဉ်ဇုန်များ ခွဲခြား၍ စိတ်ဝင်စားပျော်ရွှင် ဖွယ် ကျင်းပပေးလျက်ရှိသည့် အတွက် ယနေ့တွင် သင်္ကြန်ကို ချစ်မြတ်နိုးကြသည့် ပြည်သူများ နှင့်အတူ ကလေးငယ်များ ပျော်ရွှင် စွာ ပါဝင်ဆင်နွှဲကြသဖြင့် အထူး စည်ကားခဲ့သည်။
ထို့ပြင် နေပြည်တော် လမ်းလျှောက်သင်္ကြန်အတွင်းရှိ မဏ္ဍပ်များ၌ နိုင်ငံကျော်အနုပညာ ရှင်များနှင့် တေးသံရှင်များက DJ, Music Band များနှင့် တွဲဖက်၍ ပရိသတ်အကြိုက် တေးသီချင်း များဖြင့် မြိုင်ဆိုင်စွာ သီဆိုဖျော်ဖြေ ခဲ့ကြသည့်အပြင် သနပ်ခါးသင်္ကြန် ဇုန်တွင် သနပ်ခါးများလိမ်းခြယ်ပြီး အတာသင်္ကြန်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ၍ ရအောင်စီစဉ် ဆောင်ရွက်ပေးထားခြင်း၊တိုင်းရင်း သားသင်္ကြန်ဇုန်တွင် တိုင်းရင်း သားရိုးရာ ယဉ်ကျေးမှုများကို ပြသထားပြီး တိုင်းရင်းသားညီ အစ်ကို မောင်နှမများနှင့်အတူ ရေပက်ကစားနိုင်ရန် စီစဉ်ဆောင် ရွက်ထားခြင်း၊ ဖျော်ဖြေရေးဇုန် တွင် နိုင်ငံတကာအဆင့်မီ ဖျော်ဖြေ တင်ဆက်မှုများနှင့် အလှပြ ဖျော်ဖြေရေးအစီအစဉ်များ ထည့် သွင်း စီစဉ်ဆောင်ရွက်ထားခြင်း၊ လူငယ်များနှင့် ကလေးများ အတွက် အဓိကထားသည့် လူငယ် ဂိမ်းသင်္ကြန်ဇုန်တွင် ColourParty, Foam Party ဂိမ်းအစီအစဉ် များစွာကို ပျော်ပျော်ရွှင်ရွှင် ပါဝင် ဆင်နွှဲနိုင်အောင် စီစဉ်ဆောင်ရွက် ထားခြင်း၊ လူကြီးများ ပါဝင် ဆော့ကစားနိုင်သည့် ရေလွှာ လျှောစီးနှင့် ကလေးငယ်များ အတွက် ပျော့အိကစားကွင်းများ ထည့်သွင်း တည်ဆောက်ထား ခြင်းတို့ကြောင့် ပြည်သူများနှင့် ကလေးငယ်များပါ ပျော်ရွှင် အေးချမ်းစွာ ပါဝင်ဆင်နွှဲခဲ့ကြ သည်။
နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် တိုင်းရင်းသားသင်္ကြန် ဇုန်ကို တိုင်းရင်းသားသွေးချင်း ညီအစ်ကိုများ ပါဝင်ဆင်နွှဲနိုင် ရန် ထည့်သွင်းကျင်းပပေးသည့် အတွက် သင်္ကြန်ကို အခြေခံပြီး တိုင်းရင်းသားသွေးချင်းညီအစ်ကိုများအားလုံး စည်းလုံးညီညွတ် သည့် ပြည် ထောင်စုကြီးဖြစ်စေရန်၊ ပြည်ထောင်စုဖွား တိုင်းရင်းသား များအချင်းချင်း ချစ်ကြည်ရင်းနှီးမှု နှင့် နားလည်မှုရရှိရန် များစွာ အထောက်အကူဖြစ်စေခဲ့ကြောင်း နာဂတိုင်းရင်းသား တစ်ဦးက ပြောသည်။
လမ်းလျှောက် သင်္ကြန်တွင် ဝန်ကြီးဌာနများအလိုက် ဖျော်ဖြေ ရေးမဏ္ဍပ်များ၊ ယိမ်းအဖွဲ့များ ၏ ကပြဖျော်တင်ဆက်မှုများနှင့် နိုင်ငံကျော် အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကိုလည်း ကြည့်ရှုခံစားခွင့်ရရှိမည့် အပြင် ထူးခြားဆန်းသစ်စွာ တင်ဆက် ထားသည့် ခေတ်လေးခေတ် သင်္ကြန်ပွဲတော် ဆင်နွှဲခဲ့မှုများကို အလှပြယာဉ်များဖြင့် သရုပ်ဖော် ပြသမှု အစီအစဉ်များကိုလည်း ထည့်သွင်းထားသည့်အတွက် လာ ရောက်လည်ပတ်သည့် ပြည်သူ များ အထူးသဘောကျ နှစ်ခြိုက်ခဲ့ ကြသည်။
ထို့ပြင် နေပြည်တော်ရှိ အများ ပြည်သူများ အနားယူအပန်းဖြေ နိုင်သည့် နေပြည်တော် ရေပန်း ဥယျာဉ်၊ နေပြည်တော်တိရစ္ဆာန် ဥယျာဉ်၊ ဆာဖာရီဥယျာဉ်နှင့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ် စသည့် နေရာများကို လှည့်လည် ကြည့်ရှု အနားယူအပန်းဖြေ ရေကစားနိုင်ရန်အပြင် နေပြည် တော် ဥပ္ပါတသန္တိစေတီတော်မြတ် ကြီး၊ သံဝေဇနိယလေးဌာန၊ မဟာ သကျရံသီရုပ်ရှင်တော်မြတ်ကြီး၊ ဓာတုဇယ ဓာတ်ပေါင်းစုစေတီ တော်၊ ရန်အောင်မြင် ရွှေလက်လှ စေတီတော်စသည့် တန်ခိုးကြီး ဘုရားများကိုလည်း သွားရောက် ဖူးမြော်နိုင်ကြောင်း သိရသည်။
သတင်းစဉ်