သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ၂၄ နာရီအချိန်ပြည့် ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  ဇန်နဝါရီ  ၁၃ 


ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ  သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမဆောင်၌ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။


 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာတစ်ဝန်း တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ပိုး ပျံ့နှံ့ လျက်ရှိပြီး မိမိတို့နိုင်ငံတွင်လည်း ပြည်ပမှ ပြန်လာ သူများတွင် အိုမီခရွန်ပိုး စစ်ဆေးတွေ့ရှိနေပြီဖြစ်၍ ပြည်တွင်းကူးစက်ပြန့်ပွားမှုမရှိရန် အထူးအလေး ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  အနည်းဆုံးတစ်ကြိမ်နှင့် အထက် ထိုးနှံပြီးသူစုစုပေါင်း ၂၁ သန်း ကျော်ရှိပြီး ဦးစားပေး အုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊   ပြည်ပမှ   ဝင်ရောက်လာသူများကို အသွားအလာကန့်သတ်ထားရှိသည့်   ဟိုတယ်များ နှင့် ကွာရန်တင်းစင်တာများအနေဖြင့်  စည်းမျဉ်း စည်းကမ်းနှင့်အညီ   လိုက်နာဆောင်ရွက်နိုင်ရန် ကြီးကြပ်သွားရမည်ဖြစ်ကြောင်း၊ ဆေးရုံများအနေ ဖြင့်လည်း   ကိုဗစ်-၁၉ ရောဂါ   နောက်ထပ်လှိုင်း ဖြစ်ပွားလာပါက လူနာများ   လက်ခံကုသနိုင်ရန် ဆေးရုံခုတင်များ၊ အထူးကြပ်မတ်ကုသဆောင်(ICU/HDU) ခုတင်များနှင့်   အောက်ဆီဂျင်လိုအပ်ချက် များကို တိုးချဲ့၍   ကြိုတင်ပြင်ဆင်ထားရမည်ဖြစ် ကြောင်း။

 


 ကိုဗစ်-၁၉ ရောဂါ ကုသမှုအတွက်   ပြင်ဆင် ဆောင်ရွက်သကဲ့သို့ ဆေးရုံ၏ ပုံမှန်ဆေးကုသရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု မျက်နှာကို ထောက်ရှု၍ အကောင်းဆုံး ဆောင်ရွက် စေလိုကြောင်း၊ ဆေးတက္ကသိုလ်   ဘွဲ့လွန်သင်တန်း များနှင့် ဆေးတက္ကသိုလ်  နောက်ဆုံးနှစ်အပိုင်း(ခ) သင်တန်းများလည်း ဖွင့်လှစ်လျက်ရှိပြီး ဖွင့်လှစ်ရန် ကျန်ရှိသည့် ဆေးတက္ကသိုလ်သင်တန်းများကိုလည်း အချိန်နှင့် တစ်ပြေးညီ  ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်သဖြင့် လိုအပ်လျက်ရှိသည့် ကျန်းမာရေးလူ့စွမ်း အား အရင်းအမြစ်ကို   ဖြည့်ဆည်းပေးနိုင်မည်ဖြစ် ကြောင်း ပြောကြားသည်။

 


ယင်းနောက်   ဆေးရုံအုပ်ကြီး     ဒေါက်တာ ဒေါ်သန်းလှက သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်လျက်ရှိသည့်   ဆေးရုံလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ပါမောက္ခ/ဌာနမှူးများက ဌာနတစ်ခုချင်းစီအလိုက် လုပ်ငန်းဆောင်ရွက်မှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များသည်    သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးဝင်း အတွင်း အထူးကြပ်မတ်ကုသဆောင်(ICU) များတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများထားရှိနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊  အစာ အိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်းကြည့်ဌာနတွင် လူနာများကို ရောဂါရှာဖွေကုသနေမှုနှင့် အစာအိမ် နှင့် အူလမ်းကြောင်းကြည့် မှန်ပြောင်းများ ပိုးသန့်စင် မှုကိုလည်းကောင်း၊ ကျောက်ကပ်သွေးသန့်စင်ဌာန တွင်  နာတာရှည်ကျောက်ကပ်ရောဂါ လူနာများကို ကျောက်ကပ်သွေးသန့်စင်မှုလုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် အရေးပေါ်   ကျောက်ကပ်သွေးသန့်စင်မှု ဆောင်ရွက်နိုင်မှုတို့ကိုလည်းကောင်း    လှည့်လည် ကြည့်ရှုပြီး စက်ပစ္စည်းများ မပျက်စီးစေရေး  စနစ် တကျ ထိန်းသိမ်းထားရှိရန် မှာကြားကာ လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

 


သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် အတွင်း လူနာစုစုပေါင်း ၁၉၉ ‌ဦး   တက်ရောက်ကုသလျက် ရှိပြီး နေ့စဉ် အရေးပေါ်နှင့်  အထွေထွေပြင်ပလူနာ ၉၀ ကျော်နှင့် အထူးကုပြင်ပလူနာ ၉၀ ကျော်တို့ကို ကြည့်ရှုကုသပေးလျက်ရှိကာ ပြည်သူလူထုအတွက်   ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ၂၄ နာရီ အချိန်ပြည့် ဆောင်ရွက်ပေးလျက်ရှိကြောင်း   သိရ သည်။                                            

သတင်းစဉ်