
ရန်ကုန် မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်း ကျွန်းမြို့နယ် သစ်တောဦးစီးဌာန က ကြီးမှူး၍ ၂၀၂၂ ခုနှစ် မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲကို မေ ၂၅ ရက် နံနက်ပိုင်းက ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ရွာသာကြီး (အရှေ့ကွင်း) သစ်တောဝင်း၌ ကျင်းပသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို မြို့ပြပတ်ဝန်းကျင် စိမ်းလန်း စိုပြည်စေရေး၊ ရာသီဥတုပြောင်းလဲမှု ဒဏ်ခံနိုင်ရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ဖြစ်ထွန်းရေး အထောက် အကူပြုစေရန် ရည်ရွယ်၍ကျင်းပ ခြင်းဖြစ်ပြီး ရန်ကုန်အရှေ့ပိုင်း ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင် ဦးစီးသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူ များက ကျွန်း၊ ကံ့ကော်၊ ခရေ၊ မယ်ဇယ်၊ ပျဉ်းကတိုး၊ တမလန်း၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ပျဉ်းမ အစ ရှိသော ပျိုးပင်စုစုပေါင်း ၅၀၀ ကို စိုက်ပျိုးခဲ့သည်။
သတင်းစဉ်