သင်္ဃန်းကျွန်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းများ ကောက်ယူ

 

ရန်ကုန်   ဇန်နဝါရီ   ၁၂
ရန်ကုန်တိုင်းဒေသကြီး  သင်္ဃန်း ကျွန်းမြို့နယ်၌  မြေပြင်တစ်အိမ် တက်ဆင်း     ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့များက အဖွဲ့ လေးဖွဲ့ခွဲ၍ အိမ်ထောင်စုလူဦးရေ စာရင်း   ကောက်ယူခြင်းများကို ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီ မှစ၍     လေးဒေါင့်ကန်ရပ်ကွက်၊ စံပြရပ်ကွက်၊ ငမိုးရိပ်ရပ်ကွက်နှင့် ရန်ကုန်သစ်ရပ်ကွက်များရှိ လူဦးရေ စာရင်းများကို       ကွင်းဆင်း၍ အိမ်ထောင်စု       စာရင်းများကို ကောက်ယူခဲ့ကြသည်။
ထိုသို့ အိမ်ထောင်စုလူဦးရေ စာရင်းများအား မြေပြင်ကွင်းဆင်း လူဦးရေစာရင်း      ကောက်ယူရာ ရန်ကုန်သစ်ရပ်ကွက်သို့  သင်္ဃန်း ကျွန်းခရိုင်  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား       ဝန်ကြီးဌာန ဦးစီးမှူး    ဦးသက်ခိုင်၊    ဒုတိယ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင့်လွင်၊  သင်္ဃန်းကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့     ဥက္ကဋ္ဌ ဦးလှမျိုးနှင့်   တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြသည်။
သင်္ဃန်းကျွန်း      မြို့နယ်၌ အိမ်ထောင်စု        လူဦးရေစာရင်း ကောက်ယူရေးအဖွဲ့ လေးဖွဲ့ခွဲ၍ စာရင်းကောက်ယူသွားမည်ဖြစ်ပြီး တစ်ဖွဲ့လျှင်     အဖွဲ့ဝင်ငါးဦးစီတို့ ဖြင့်  ကောက်ကွက်  တစ်ကွက်လျှင် အိမ်ထောင်စု ၅၀၀ နှုန်း ကောက်ယူ သွားမည်ဖြစ်ရာ သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်တွင် ရပ်ကွက် ပေါင်း ၃၈ ရပ်ကွက်ရှိပြီး အိမ်ထောင် စုလူဦးရေစာရင်းများ၏ လက်ရှိ စာရင်းများအရ မြေပြင်တစ်အိမ် တက်ဆင်း ကွင်းဆင်းကောက်ယူ ရေးအဖွဲ့များအနေဖြင့်    မှန်ကန် မြန်ဆန်စွာ  ဆောင်ရွက်နိုင်စေရန် အတွက်  သင်တန်းများ  ဖွင့်လှစ် ပို့ချပေးထားပြီးဖြစ်ကြောင်း မြို့နယ်   သက်ဆိုင်ရာတာဝန်ရှိသူထံမှ သိရ သည်။                         
     ၂၀၁