
နေပြည်တော် နိုဝင်ဘာ ၁၉
မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ အထူး အာဏာကုန် လွှဲအပ်ခြင်းခံရ သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးတင်မောင်ဆွေ သည် ၄င်း၏ခန့်အပ်လွှာကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် နေ့တွင် မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့ သမ္မတ နန်းတော်၌ သမ္မတမစ္စတာ ခူရယ်လ်စုခ်အူခ်နာထံသို့ ပေးအပ် ခဲ့ပြီးဖြစ်သည်။
သတင်းစဉ်