
နေပြည်တော် ဖေဖော်ဝါရီ ၉
အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံအမတ် ကြီး ဦးတင်ယုသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် အာရပ် စော်ဘွားများ ပြည်ထောင်စုနိုင်ငံ၊ အဘူဒါဘီမြို့ရှိ Qasr Al-Watan နန်းတော်၌ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ ဒုတိယသမ္မတ ရှိတ် မိုဟာမက် ဘင် ရာရှစ် အယ်လ် မတ်တွန်း ထံသို့ ပေးအပ် ခဲ့ပြီးဖြစ်သည်။
သတင်းစဉ်