သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ပျော်ဘွယ်မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံပြီး အသင်းပိုင် လယ်ယာမြေများအား ကြည့်ရှုစစ်ဆေး

 

ပျော်ဘွယ်  ဖေဖော်ဝါရီ   ၁၃


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများသည် ယမန် နေ့က မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ရှိ ဦးစီးဌာနမှ ဝန်ထမ်း များနှင့် တွေ့ဆုံပြီး အသင်းပိုင်လယ်ယာမြေများကို  သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ 


ဦးစွာ  ပျော်ဘွယ်မြို့နယ်  သမဝါယမဦးစီးဌာနရုံး၌   ဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီးဦးစီးမှူးက ဝန်ထမ်းအားလုံး အနေဖြင့်   စည်းစည်းလုံးလုံးနှင့်    တစ်စိတ်တစ်ဝမ်းတည်းရှိရန်လို ကြောင်း၊   အထက်အောက်    အပြန်အလှန်လေးစားရန်လိုကြောင်း၊  လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို နားလည်သဘောပေါက် ၍    သမဝါယမနှင့်    ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏    ပုံရိပ်ကိုပိုမို ကောင်းမွန်အောင်   ဆောင်ရွက်စေလိုကြောင်း    ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် ဘုရားကြီးအုပ်စု ဥမင်ကျေးရွာ အောင်မြေ စိုက်/ထုတ် သမဝါယမအသင်းသို့  သွားရောက် ကြည့်ရှုစစ်ဆေးပြီး အသင်းပိုင်လယ်ယာမြေများကို  အသင်းအမှုဆောင် အဖွဲ့ ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ အသင်းအတွက် ဝင်ငွေရရှိ နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ ကြောင်း သိရသည်။                                                                                               
 မောင်မွှေး