
သန်လျင် ဇွန် ၉
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ပေးအပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် နှင့် တူညီဝတ်စုံ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဘက်စုံသုံးခန်းမ၌ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက အမှာစကား ပြောကြားသည်။
အဆိုပါအခမ်းအနားတွင် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ပေးအပ်သည့် ပထမနှစ် ကျောင်းသား ကျောင်းသူ ၂၅၀ အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် နှင့် Tutorial စာအုပ်တစ်စုံလျှင် ကျပ် ၄၇၆၀၀ ဖြင့် တန်ဖိုးငွေကျပ် ၁၁၉ သိန်းနှင့် ကျောင်းသား ကျောင်းသူ ၂၅၀ အတွက် တူညီဝတ်စုံ ၂၅၀ ကို ပြည်ထောင်စုဝန်ကြီးကိုယ်စား ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)နှင့် သင်ကြား/စီမံဌာနများမှ ပါမောက္ခ/ဌာနမှူးများက ပေးအပ်ခဲ့ရာ ပထမနှစ် သင်တန်းမှ ကျောင်းသားကိုယ်စားလှယ်များက လက်ခံယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်