သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) (၁၀)နှစ်ပြည့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲ ကျင်းပ

 

စစ်ကိုင်း    ဖေဖော်ဝါရီ    ၁၁ 


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) တက္ကသိုလ်တည်ထောင်သည့် (၁၀)နှစ်ပြည့် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပသည်။

 


အဆိုပါ     စာတမ်းဖတ်ပွဲသို့ စာတမ်းရှင် ၂၁ ဦးက ဒေသအကျိုး ပြုစာတမ်း ခုနစ်စောင်၊ ဘာသာ ရပ် အကျိုးပြုစာတမ်း ၁၀ စောင်၊ တက္ကသိုလ်အကျိုးပြု   စာတမ်း   လေးစောင်   တင်သွင်းဖတ်ကြားခဲ့ပြီး သဘာပတိများအဖြစ် တက္ကသိုလ် အသီးသီးမှ အငြိမ်းစား ပါမောက္ခ ချုပ်များ၊ ပါမောက္ခများ၊ အငြိမ်း စား    ပါမောက္ခများက   Video Conferencing ဖြင့်လည်းကောင်း၊ တက္ကသိုလ်ရှိ ဆရာ ဆရာမများက ဘွဲ့နှင်းသဘင်ခန်းမတွင် ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ တက်ရောက်ကြသည်။ 

 


အဆိုပါစာတမ်းဖတ်ပွဲ  အခမ်း အနားတွင် ပါမောက္ခချုပ်  ဒေါက်တာ မို့မို့ရီက အမှာစကားပြောကြားရာ တွင်   စာတမ်းဖတ်ပွဲ၏  Theme ကို Toward Better Research For Socio-Economic Develop-ment  ရည်မှန်းထားကြောင်း၊ သုတေသနသည်  တက္ကသိုလ်၏  အသက်သွေးကြောဖြစ်ကြောင်း၊ ရလဒ်များသည် လုပ်ငန်းရှင်များ၊ သုတေသီများနှင့် သင်ကြားရေး အတွက်   အထောက်အကူဖြစ် ကြောင်း၊     ယခုတင်သွင်းသည့် စာတမ်းများကို     plagiarism စစ်ဆေးစိစစ်ထားကြောင်း၊ ယခု  (၁၁)ကြိမ်မြောက် စာတမ်းဖတ်ပွဲ အထိ    စာတမ်း   ၁၅၄   စောင် ဖတ်ကြားနိုင်ခဲ့ပြီး   သုတေသန ဂျာနယ် ၁၁ စောင် ထုတ်ဝေနိုင်ခဲ့ ပြီးဖြစ်ကြောင်းနှင့်    သုတေသန များ     ဆက်လက်လုပ်ဆောင်မှု အပေါ် အားပေးပြောကြားသည်။ 

 


ဆက်လက်ပြီး    တက္ကသိုလ် တည်ထောင်သည့်နေ့   (၁၀)နှစ် ပြည့်မြောက်သည့် ဖေဖော်ဝါရီ ၁၁ ရက် တွင်   ပင့်သံဃာတော်များအား   အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး အန္တရာယ်  ကင်း   ပရိတ်တရားများနာကြား ခြင်း၊ ထူးချွန်ဝန်ထမ်းများ ဂုဏ်ပြု ချီးမြှင့်ခြင်း၊    ဝန်ထမ်းများအား အမှတ်တရ   လက်ဆွဲအိတ်များ ပေးအပ်ခြင်း၊ နယ်မြေနှင့်  အကူ အစောင့်ဝန်ထမ်းများအား ဆန်နှင့် ဆီ ထောက်ပံ့ပေးအပ်ခြင်းတို့ကို  တက္ကသိုလ်  ဘွဲ့နှင်းသဘင်ခန်းမ တွင် ကိုဗစ်-၁၉ စည်းကမ်းသတ် မှတ်ချက်များနှင့်အညီ   ကျင်းပ ကြောင်း သိရသည်။  

သတင်းစဉ်