သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားများ ကျင်းပ

 

နေပြည်တော်  ဇွန်  ၁၇
သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၏  (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့  အထိမ်းအမှတ် နိုင်ငံတော်အဆင့်ထူးချွန်ဆုများ ချီးမြှင့်အပ်နှင်းခြင်း၊  နိုင်ငံတော် အကြီးအကဲ၏   လမ်းညွှန်ချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သူများ၊  စီမံကိန်း လုပ်ငန်းများအလိုက် ဆောင်ရွက် နိုင်သူများအား  ဂုဏ်ပြုဆုတံဆိပ် နှင့်   ဂုဏ်ပြုငွေများ  ချီးမြှင့်ခြင်း၊ ဝန်ထမ်းထူးချွန်ဆုများ   ချီးမြှင့် ခြင်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမွေးပွဲတွင် ထူးချွန်စွာအောင်မြင် ခဲ့သော        ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ ကံစမ်းမဲ များ  ဖောက်ပေးခြင်းနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း   အခမ်း အနားများကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရုံး စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားများသို့သမဝါယမ  နှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး          ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊   ညွှန်ကြား ရေးမှူးချုပ်များ၊   ပါမောက္ခချုပ် များ၊ အငြိမ်းစားညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် ဆုရ ကျောင်းသား       ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ       ပြည်ထောင်စု ဝန်ကြီးက   အဖွင့်အမှာစကား ပြောကြားပြီး     ဒုတိယဝန်ကြီး ဦးမြင့်စိုးက အမှာစကားပြောကြား သည်။
ထို့နောက်          နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သည့် ဘွဲ့၊ တံဆိပ် ရရှိသူများအား ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ ရာ ပြည်ထောင်စုဝန်ကြီးက စာပေ ပညာထူးချွန်တံဆိပ် (ပထမအဆင့်) ရရှိသော ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ စီမံထူးချွန်တံဆိပ်  (ပထမအဆင့်) ရရှိသူများ၊   စီမံထူးချွန်တံဆိပ် (ဒုတိယအဆင့်)  ရရှိသူများ၊   စီမံ ထူးချွန်တံဆိပ်(တတိယအဆင့်)ရရှိသူများ၊    ဝန်ဆောင်စီးပွား ထူးချွန် တံဆိပ်(တတိယအဆင့်)ရရှိသူများ နှင့်  နည်းပညာထူးချွန်  တံဆိပ် (တတိယအဆင့်)    ရရှိသူ များကို  ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး   နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်များ အပေါ်     အကောင်အထည်ဖော် ဆောင်ရွက်        နိုင်သူများအား ဂုဏ်ပြုဆုတံဆိပ်နှင့်  ဂုဏ်ပြုငွေ များ          ပေးအပ်ချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီးက   ဆုရရှိ သော   တနင်္သာရီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊         ရှမ်း ပြည်နယ်(တောင်ပိုင်း) ကျေးလက် ဒေသဖွံ့ဖြိုး     တိုးတက်ရေးဦးစီး ဌာန၊  ရှမ်းပြည်နယ်  အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ နေပြည်‌တော်   ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ  တာဝန်ရှိ သူများထံ   ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် သည်။
ယင်းနောက်  ပတ်ဝန်းကျင် စီမံခန့်ခွဲမှုကောင်းမွန်သော နေရာ ဒေသ(စံပြကျေးရွာ)       ဆုရရှိ သော  ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်    မရဲ့ အုန်းပင်စု  မြစိမ်းရောင်ကျေးရွာ အား   ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုငွေ များ          ပေးအပ်ချီးမြှင့်ခဲ့ပြီး  ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန များနှင့် တက္ကသိုလ်များမှ ဝန်ထမ်း များအတွက် ဝတ်စုံများ ထောက်ပံ့ ပေးအပ်ရာ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး    ချုပ်များနှင့် ပါမောက္ခချုပ်များက လက်ခံရယူ ကြသည်။
ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီးက ၂၀၂၃ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံ လုံး (သိပ္ပံတွဲ) ပထမရရှိသူ အပါ အဝင် (၆)ဘာသာဂုဏ်ထူးရရှိသူ သုံးဦး၊ (၅) ဘာသာဂုဏ်ထူး ရရှိသူ တစ်ဦး၊ (၄) ဘာသာဂုဏ်ထူးရရှိသူ နှစ်ဦး၊ (၃) ဘာသာဂုဏ်ထူးရရှိသူ နှစ်ဦး၊ (၂) ဘာသာဂုဏ်ထူးရရှိသူ ၁၃ဦး၊ (၁) ဘာသာဂုဏ်ထူးရရှိသူ ၁၂ဦးတို့အတွက် တစ်ဘာသာလျှင် ငွေကျပ်  တစ်သိန်းနှုန်းနှင့်  ရိုးရိုး အောင်မြင်ခဲ့သော ဝန်ထမ်း သား သမီး ကျောင်းသား  ကျောင်းသူ ၄၂ ဦးတို့အတွက်      တစ်ဦးလျှင် ငွေကျပ်    ငါးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်  ၁၁၆ သိန်းနှင့် ဂုဏ်ပြု    မှတ်တမ်းလွှာများကို လည်းကောင်း၊ ဝန်ကြီးဌာန(၂)နှစ် ပြည့်   နှစ်ပတ်လည်နေ့အထိမ်း အမှတ် ကံစမ်းမဲပေါက်ကြသော ဝန်ထမ်းများထံ    လက်ဆောင် ပစ္စည်းများကို     လည်းကောင်း ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ဆုရရှိသူများနှင့်     သမဝါယမ အသင်းများ    ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးစီးဆောင်ရွက်နိုင်သည့် စွမ်းဆောင်ရည်အကောင်းဆုံးဆု ရရှိသူများအတွက်  ဂုဏ်ပြုဆု တံဆိပ်နှင့်       ဂုဏ်ပြုငွေများကို လည်းကောင်း၊    သမဝါယမနှင့် စီမံခန့်ခွဲမှု       ပညာတက္ကသိုလ် (သန်လျင်နှင့်  စစ်ကိုင်း)   တို့မှ ဝန်ထမ်းများအတွက် ဝတ်စုံများ နှင့်    လက်ဆောင်ပစ္စည်းများကို လည်းကောင်း  ပေးအပ်သည်။
ယင်းနောက်       အမြဲတမ်း အတွင်းဝန်       ဦးခန့်ဇော်က မြစိမ်းရောင်ကျေးရွာ  စီမံကိန်း  အကောင်အထည်ဖော် ဆောင်ရွက် နိုင်မှု  အကောင်းဆုံးဆုရရှိသော   ရှမ်းပြည်နယ်  (တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန၊  ကျေးလက်ရေရရှိ ရေး   အကောင်အထည်ဖော်   ဆောင်ရွက်နိုင်မှု       အကောင်းဆုံး ရရှိသော  မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊  ဘက်စုံကျေးလက် ဒေသဖွံ့ဖြိုးရေး ထူးချွန်ဆုရရှိသော နေပြည်တော်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် ထူးချွန်စွာ  ဆောင်ရွက်နိုင်သူများ အား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြု ဆုငွေများကို  ပေးအပ်ချီးမြှင့်ရာ ဆု ရရှိသူများက လက်ခံရယူကြသည်။
ဆက်လက်ပြီး  ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များက ဦးစီးဌာနများ၊  တက္ကသိုလ်များ အလိုက် ထူးချွန်ဆုရရှိကြသူများ အတွက်   ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများနှင့်      ကံစမ်းမဲ လက်ဆောင်         ပစ္စည်းများကို ပေးအပ်ကာ   စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဝန်ကြီးဌာန (၂)နှစ် ပြည့် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် ပရိတ်တရားတော် နာယူ ခြင်းအခမ်းအနားကို ဆက်လက် ကျင်းပရာ သီရိဂန္ဓမာသပြေအေး မိုးကုတ်ဝိပဿနာကျောင်းတိုက် ပဓာနနာယကဆရာတော် အရှင် ဂန္ဓမာလာထံမှ  ငါးပါးသီလခံယူ ခြင်း၊ ဆရာတော်အရှင်သူမြတ် များထံမှ  ပရိတ်တရားတော်များ နာယူခြင်း၊  လှူဖွယ်ဝတ္ထုပစ္စည်း များ      ဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်သွန်းချ အမျှပေးဝေခြင်း နှင့်  ဆရာတော်အရှင်သူမြတ်တို့ အား  နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခြင်းတို့ကို         ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။   သတင်းစဉ်