သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး သမဝါယမစနစ် မွေးမြူရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   မတ်   ၂၄


သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဦးမြင့်စိုးသည်    မတ်   ၂၂   ရက်    က တောင်ကြီးမြို့ Green Gold   ကော်ဖီစိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်း     သမဝါယမအသင်း လီမိတက်သို့ သွားရောက်အားပေး ကြည့်ရှုကာ    လိုအပ်သည်များ မှာကြားသည်။

 


ထို့နောက် ခမ်းရတနာမွေးမြူ ရေးနှင့်     အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ  အသင်းသား အသင်းသူများ၊ ဒေသခံပြည်သူများ နှင့် တောင်ကြီးမြို့နယ် နောင်ကား ကျေးရွာ   အခြေခံပညာအထက် တန်းကျောင်း  ပညာမြင့်မိုရ်ခန်းမ၌ တွေ့ဆုံသည်။

 


တွေ့ဆုံစဉ်   သမဝါယမဦးစီး ဌာန   ပြည်နယ်ဦးစီးမှူးက   ရှမ်း ပြည်နယ်အတွင်း     မွေးမြူရေး  သမဝါယမအသင်းများ   ဖွဲ့စည်း ဆောင်ရွက်နေမှု  အခြေအနေကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး က ရှမ်းပြည်နယ်အတွင်း   သမ ဝါယမစနစ်ဖြင့် ဆောင်ရွက်နေ သည့် နွား၊ ဝက် မွေးမြူရေးလုပ်ငန်း များ အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ကြရန်၊ ခြံလှောင်စနစ် ဖြင့် စနစ်တကျ   မွေးမြူကြရန်၊ နွားစာအတွက်   နေဗီယာမြက် များ   စိုက်ပျိုးကြရန်၊   စိုက်ပျိုး သီးနှံများ  ပန်းတိုင်အထွက်နှုန်း  ရရှိရန်နှင့် သဘာဝမြေဩဇာများ   ရောနှောအသုံးပြုရန်   မှာကြား သည်။

 


ယင်းနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့် ယွန်းလျှံလယ်ယာအထောက် အကူပြုကုမ္ပဏီ   တာဝန်ခံတို့က မွေးမြူရေးလုပ်ငန်းနှင့်   နွားစာ မြက် စိုက်ပျိုးရေးဆိုင်ရာများကို ဆွေးနွေးဟောပြောကြပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက ဦးစီး ဌာနအလိုက် ဆောင်ရွက်ပေးနေ သည့်လုပ်ငန်းများကို   ရှင်းလင်း ဆွေးနွေးကြသည်။

 


နောင်ကားကျေးရွာရှိ   ခမ်း ရတနာမွေးမြူရေးနှင့် အထွေထွေ လုပ်ငန်း သမဝါယမအသင်းသည် အသင်းသား ၈၅ ဦးဖြင့် ဖွဲ့စည်း ဆောင်ရွက်နေပြီး နွားကောင်ရေ ၄၈၀ နှင့် ဝက်ကောင်ရေ ၂၅၀ မွေးမြူသွားမည်ဖြစ်သည်။

 


ဆက်လက်၍ ဒုတိယဝန်ကြီး သည်    ကျေးရွာ   ခြောက်ရွာနှင့် စိုက်ပျိုးဧက ၃၉၀ အတွက် အကျိုး ပြုသော   ကတ္တူကျေးရွာအုပ်စု ပန်လွန်ကျေးရွာ    ကျေးလက် ကုန်ထုတ်လမ်းနှင့်   ကွန်ကရစ် တံတား   တည်ဆောက်ပြီးစီးမှု၊ တောင်ကြီးမြို့နယ်နှင့်   ဆီဆိုင် မြို့နယ်အကြား      နမ့်တဘက် ချောင်းကူးအုတ်ခုံခံ    သစ်သား တံတားအရှည်  ၉၅ ပေ  တည် ဆောက်မည့်မြေနေရာ၊ ကျေးရွာ ငါးရွာနှင့်   စိုက်ဧက  ၆၀၁ ဧက အတွက် အကျိုးပြုသည့် အရှည် ပေ   ၂၂၀၀  ရှိ     ကျိုင်းခမ်းရွာ ကျေးလက်   ကုန်ထုတ်လမ်းနှင့် ကျေးရွာ    ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း    ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော    နောင်တော ကျေးရွာအုပ်စု  လုံကုန်းကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို သွားရောက် ကြည့်ရှုစစ်ဆေးကာ ဒေသခံများ ၏     ဖွံ့ဖြိုးရေး   လိုအပ်ချက်များ တင်ပြမှုအပေါ်   ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။                    

သတင်းစဉ်