သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင်  Free Online Certificate Courses များ ဖွင့်လှစ်မည်


 

သန်လျင်    မေ   ၃
သမဝါယမနှင့်  စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင်  စီးပွားရေးလုပ်ငန်းဆိုင်ရာ  ဥပဒေများကို  သိရှိနားလည်စေရန်၊  စီးပွားရေး လုပ်ငန်းများတွင် အသုံးပြုလျက်ရှိသော အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေရန်နှင့် စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းများကို စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရားများနှင့် တတ်သိနားလည်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် ပေးရန်အတွက် အောက်ပါ Free Online Certificate Courses များကို ၁၂.၅.၂၀၂၂ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်-
     Certificate in Business Law
    Link; https://forms.gle/at6hi709RYmGKUuEA
     Certificate of Proficiency in Business English
    Link; https://forms.gle/vS7tkQocBycokfuB7
    Certificate in Entrepreneurship and Business Management
    Link; https://forms.gle/QDqWkDmCDU1xTjbF6
အဆိုပါ သင်တန်းများသို့ တက်ရောက်လိုသူများအနေဖြင့် သက်ဆိုင်ရာ Link များမှတစ်ဆင့် Google Form ဖြင့် ဖြည့်စွက်ပြီး ၁၀.၅.၂၀၂၂ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။                                သတင်းစဉ်